Saturday, July 23, 2016

“ Pokemon Go “ ကစားရင်း ချောက်ကမ်းပါးအစွန်းကနေ ပြုတ်ကျသွားသူ ၂ ဦး





Reality ဂိမ်းအမျိုးအစားဖြစ်တဲ့ Pokemon Go ကစားရင်း ကျောက်ကမ်းပါးအစွန်းကနေ လူ ၂ ယောက်ပြုတ်ကျသွားကြောင့် San Diego အာဏာပိုင်တွေက ပြောကြားထားပါတယ်။


လူမှုကယ်ဆယ်ရေး တာဝန်ခံချုပ် Robbie Ford အဆိုအရ တစ်ယောက်ကတော့ ပေ ၅၀ အမြင့်လောက်ကနေ ပြုတ်ကျတာဖြစ်ပြီး နောက်တစ်ယောက်ကတော့ ပေ ၈၀၊ ၉၀ လောက်အမြင့်ကနေ ကမ်းခြေကို ပြုတ်ကျခဲ့တာလို့ ဆိုပါတယ်။

ကမ်းခြေသဲသောင်ပြင်ပေါ်အထိ ပြုတ်ကျခဲ့သူအဆိုအရ သူနဲ့ သူငယ်ချင်းဖြစ်သူတို့က စမတ်ဖုန်း ဂိမ်းဖြစ်တဲ့ Pokemon Go ကို ဖမ်းဖို့ လမ်းပြမြေပုံအတိုင်းလိုက်ရင်း ပြုတ်ကျခဲ့တာဖြစ်ပါသတဲ့။

ကျောက်ဆောင်အစွန်းကနေ ပေ ၅၀ အထိ ပြုတ်ကျခဲ့သူကိုတော့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ကြိုးတွေ၊ အသက်ကယ်ကြိုးခါးပတ်တွေနဲ့ ကယ်ဆယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ ချောက်ကမ်းပါးစွန်းက ပြုတ်ကျခဲ့သူ ၂ ဦးလုံးမှာ ထိခိုက်ဒဏ်ရာ အကြီးအကျယ်မရှိပေမယ့် Scripps La Jolla Trauma Center ကို ပို့ဆောင်ပေးခဲ့ကြပါတယ်။

“ လူတွေအနေနဲ့ ဒါဟာ ဂိမ်းကစားနေတာဖြစ်ပြီး ကိုယ့်အသက်ကိုတော့ တန်ဖိုးထားသင့်ပါတယ်။ အသက်ဆုံးရှုံးရလောက်အောင် ဘယ် ဂိမ်းကမှ မထိုက်တန်ပါဘူး “ လို့ San Diego အာဏကာပိုင်အဖွဲ့အစည်းမှ Sgt. Rich Eaton က Los Angeles Times ကို ပြောကြားသွားပါတယ်။

Pokemon Go ကမ္ဘာ့အနှံ့အပြားမှ ဒေါင်းလုပ်ရယူပြီး ကစားနေသူပေါင်း ၁၀ သန်းမက ရှိနေပြီဖြစ်ကြောင်း ဂျူလိုင်လ ၇ ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ သိရှိရပါတယ်။

( Michelle )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref :UPI

No comments:

Post a Comment