Sunday, July 3, 2016

မယ်ကမ္ဘာ (မြန်မာ) ပြိုင်ပွဲတွင် ထိပ်ဆုံး ၅ ဦး စာရင်းဝင် အလှမယ် ပိုးစန္ဒာခင် ရုတ်တရက် ကွယ်လွန်

မယ်ကမ္ဘာ (မြန်မာ) ပြိုင်ပွဲတွင် ထိပ်ဆုံး ၅ ဦး စာရင်းဝင် အလှမယ် ပိုးစန္ဒာခင် ရုတ်တရက် ကွယ်လွန်
    ရန်ကုန် ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

    မယ်ကမ္ဘာ (မြန်မာ)၂၀၁၆ (Miss Myanmar World 2016) ပြိုင်ပွဲတွင် ထိပ်ဆုံး ဆန်ကာတင် ၅ ဦး စာရင်းဝင်  ရောက်ရှိခဲ့သည့် အလှမယ် ပိုးစန္ဒာခင်သည် ယနေ့ ဇူလိုင်လ ၂ ရက်တွင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။


“မနက်က လေ့ကျင့်ခန်း သွားလုပ်တာ၊  Gym ကစားရင်းနဲ့  ၁၀ နာရီလောက်မှာ ဖြစ်သွားတာပါ။ အိမ်ကတောင် မသိလိုက်ပါဘူး။ ရုတ်တရက် နှလုံးခုန်ရပ် (Heart Attack) လိုမျိုးပဲ ဖြစ်မယ် ထင်တယ်။
ကစားရင်းနဲ့ မှ ရေသောက်လိုက်သေးတယ် ပြီးတော့ ခဏလေး ပြန်ထိုင်တဲ့ အချိန်မှာ လဲကျသွားပါတယ်”ဟု အလှမယ် ပိုးစန္ဒာခင်၏ မိသားစုဝင် တစ်ဦးက ပြောသည်။

အလှမယ် ပိုးစန္ဒာခင်သည် ၁၉၉၂ ခုနှစ်တွင် မွေးဖွားခဲ့သူ ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် အားဖြင့် ၂၄ နှစ် အရွယ် ရှိပြီ ဖြစ်သည်။ ၄င်းသည် ၂၀၁၄ ခုနှစ်တွင် Nok Air မှ ပြုလုပ်သည့် ဝေဟင် နတ်သမီး ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်၍ အနုပညာလောကသို့ ရောက်လာခဲ့ခြင်း ဖြစ်ပြီး ထိုပြိုင်ပွဲတွင် ဝေဟင် နတ်သမီးဆုအား ရရှိခဲ့ကာ ၂၀၁၄-၂၀၁၅ အကယ်ဒမီ ဆုပေးပွဲ၏ ရွှေကြိုမယ် တစ်ဦးလည်း ဖြစ်သည်။ 

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment