Sunday, July 24, 2016

ထိုင်းလေယာဉ်မယ် တစ်ဦး ကုန်တိုက်အပေါ်ထပ်မှ ခုန်ချ သေဆုံး


News update 23July2016

ဒီနေ့ မနက်ပိုင်းက ဘန်ကောက်မြို့  Lat Phrao Road လက်ဖလော လမ်းမှာရှိတဲ့ shopping Mall center ဈေးရောင်းစံ တာ ကုန်တိုက်ကြီး ရဲ့ (၇) ထပ်အမြင့် ကားရပ်နားရာ နေရာကနေ အမျိုးသမီးတဦး ခုန်ချပြီး မိမိကိုယ် အဆုံးစီရင် သွားခဲ့ကြောင်းသိရပါတယ်။


သေဆုံးသွားသူအမျိုးသမီးဟာ ဖိမွန်ဖန် ကျလန်စီ အသက်(၃၀) နှစ် ထိုင်းလေကြောင်းကုပဏီတခုမှာ လေယာဉ်မယ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပါတယ်။

ယခုရက်ပိုင်းအတွင်းမှာ သူမအလုပ်မဆင်း နိုင်လောက်အောင် အလွန်စိတ် ထိခိုက် ခံစားနေရတာကတော့ အလုပ်ကိစ္စ -မိသားစု ပြသနာ ကြောင့် မဟုတ်ဘဲ မျက်ခွံနှစ်ထပ် ခွဲစိတ်ခဲ့ပြီး တဲ့နောက်မှာ မျက်လုံးနှစ်လုံးဟာ ကြည့်ရဆိုး သွားပြီး မျက်ခွံ နှစ်ဖက် မညီဖြစ်သွားခဲ့ပါတယ်။

အကြိမ်ကြိမ်ပြန်ခွဲစိတ်ပြုပြင်ခဲ့ပေမယ့် ပြန်ကောင်းမလာတော့တာရယ် သူမမျက်ခွံက ပိုပြီးဆိုးလာနေတာကို စိတ်အားငယ်ပြီး စိတ်ထိခိုက်နေ တာ လနဲ့ ချီရှီနေပြီလို့  သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတွေက ပြောပါတယ်။

ယခုရက်ပိုင်းမှာ ဘယ်သူနဲ့ မှ မတွေ့  အလုပ်လည်းမသွားနိုင်တော့ဘဲ အားလုံး ကိုအဆက် သွယ် ဖြတ်ပြီး နောက်ဆုံးမှာ မိမိကိုယ် အဆုံးစီရင်သွားခဲ့တာ လို့  သိရပါတယ်။

(SAW)
Photo Thai resuce
Social Action for Women - SAW

No comments:

Post a Comment