Saturday, July 16, 2016

ကလေးကျောင်းပို့သွားရာမှ ဖခင်ဖြစ်သူ ချောင်းအတွင်း ရေနစ်သေဆုံး

စေတုတ္တရာမြို့နယ်ရှိ ဆီမီးချောင်းအတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့မှု ဇူလိုင်၁၅ရက်က ဖြစ်ပွားခဲ့ကြောင်း စေတုတ္တရာမြို့မရဲစခန်းမှသိရသည်။


 ဖြစ်စဉ်မှာ စေတုတ္တရာမြို့ ဆီမီးချောင်းအတွင်း လူတစ်ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ စေတုတ္တရာမြို့မရဲစခန်းမှ ဒုရဲအုပ်ညီညီထွန်း သွားရောက်စစ်ဆေးခဲ့သည်။

 သေဆုံးသူမှာမြင့်နိုင်၊ အမှတ်(၁)ရပ်ကွက်၊ စေတုတ္တရာမြို့နေသူဖြစ်ကြောင်းသိရှိရပြီး ၎င်း၏ဇနီး ပြောပြချက်အရ အဆိုပါနေ့ နံနက် ၈ နာရီအချိန်က သားဖြစ်သူ မောင်သူရနိုင် အား စေတုတ္တရာမြို့၊ အ.လ.က(၁)ကျောင်းသို့ ကျောင်းသွား ပို့ရန် နှင့်ဈေးဝယ်ရန်ထွက်သွားခဲ့ပြီး အပြန်တွင် အရက်သောက်စားမူးယစ်ပြီးပြန်လာရာ မှ ချောင်းအားဖြတ်ကူးစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း အမှုစစ်၏ စစ်ဆေးချက်အရသိရသည်။

ယင်းအမျိုးသားသေဆုံးမှုနှင့် ပက်သက်၍ ဒုရဲအုပ်ညီညီထွန်းမှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့် စေတုတ္တရာမြို့နယ်၊ မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၆ ဖြင့်အမှုဖွင့် ထားကြောင်းသိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper

No comments:

Post a Comment