Tuesday, February 16, 2016

ဘွန်ဆိုင်း နည်းပညာနှင့် Frosting နည်းပညာ ပေါင်းစပ်ထားသည့် ဂန္ဓမာ မျိုးနွယ်ဝင်ပန်းများ အရောင်းသွက်


ရန်ကုန်  ဖေဖော်ဝါရီ  ၂
ဘွန်ဆိုင်းနည်းပညာနှင့် Frosting နည်းပညာ ပေါင်းစပ်ထားသည့် မလေးရှားနိုင်ငံမှ တင်သွင်းလာသော ဂန္ဓမာမျိုးနွယ်ဝင်
ပန်းအလှပင်များကို လက်ရှိတွင် ပန်းအလှစိုက်ပျိုးသူများနှင့် Micro Landscaping ဥယျာဉ်ငယ်များအဖြစ် ဖန်တီး အလှဆင်သူများက အထူးကြိုက်နှစ်သက်ပြီး ဝယ်ယူမှုများပြား လာကြောင်း သိရသည်။
''နည်းပညာတွေပေါင်းစပ်ပြီး   ပြုလုပ်ထားတာဖြစ်လို့ ကြာရှည်ခံပါတယ်။ ဒီပန်း လေးတွေရဲ့ သဘောက  အချစ် သင်္ကေတပန်းလေးတွေဖြစ်လို့  လူငယ်တွေ အဓိက မှာယူတာများတယ်။   ရောင်းလည်း ရောင်းရတယ်။  နှစ်သက်သလို စာလုံးတွေ ဖော်နိုင်တာကြောင့်    ဝယ်လိုအားကောင်းနေပြီး  အိမ်တွင်းအလှဆင်သူတွေကလည်း ဝယ်ယူကြတာရှိပါတယ်''   ဟု Snowy Flower မှ မတင်ခန့်ခန့်ကျော်က   ပြောသည်။
အဆိုပါပန်းများမှာ ရေဖျန်းလျှင် ပန်းပွင့်ငုံသွားပြီး  ရေခြောက်လျှင်  ပြန်လည်ပွင့်လန်းလာကာ ညဘက်တွင် အဏုမြူကဲ့သို့ အလင်းရောင်ရှိကြောင်း သိရသည်။
ယင်းပန်းများကို  ဖန်ပုလင်းအတွင်းထည့်ပြီး Indoor  Plant အဖြစ် အလှဆင်မှုများ ပြုလုပ်နိုင်သကဲ့သို့ Micro  Landscaping ဥယျာဉ်ငယ်များအဖြစ် ပြုလုပ်နိုင်ကြောင်း၊  ယခုအခါ  သတို့သမီးများ၏ လက်ကိုင်ပန်းအဖြစ်ပါ   အသုံးပြုလာကြသောကြောင့်  လက်ရှိတွင်  ပန်းအလှပင် ဈေးကွက်အတွင်း လူကြိုက်များလျက် ရှိကြောင်း သိရသည်။
ယင်းပန်းများ၏ ဈေးနှုန်းများမှာ ကျပ်  ၃ဝဝဝ မှစ၍ သိန်းဂဏန်းအထိ ရှိပြီး ကျပ် ၁၅ဝဝဝ မှ ၃ဝဝဝဝ ဝန်းကျင်ရှိသော ပန်းအမျိုးအစားများမှာ  ပို၍အရောင်းသွက်လျက် ရှိကြောင်း သိရသည်။
credit:http://www.myawady.net.mm/business/item/86974-2016-02-03-09-55-53

yellow book တစ်အုပ်လုံးနီပါး တွက်လို့ရမယ် apk လေးပါ။

Download Here