ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများအနက် ထိုင်းငါးဖမ်းလှေသို့ ရောင်းစားခံရသော မြန်မာနိုင်ငံသားများအား မြဝတီ လူကုန်ကူးမှု တားဆီးရေးအဖွဲ့နှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (MAT) အဖွဲ့ တို့ ချိတ်ဆက်မှု၊ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တို့ ပူးပေါင်းပြီး ဇန်န၀ါရီလ ၂၇ ရက်နေ့က ကယ်တင်နိုင်ခဲ့ကြောင်း မြ၀တီလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရုံးမှ သတင်းရရှိသည်။
ဇန်န၀ါရီလ ၂၃ ရက်နေ့ အမှတ်(၁) မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်ရုံး၌ ဒုရဲအုပ် အောင်လှိုင်ဝင်းနှင့် တပ်ကြပ်ကြီး အောင်မြင့်ထွန်းတို့ တာဝန်ထမ်းဆောင်နေစဉ် မင်းငယ်ဦး ဆိုသူ၏ အဒေါ် မအမွှာဆိုသူ ရောက်ရှိလာပြီး