Friday, January 29, 2016

နမ့်ဆန် မြို့ တွင်းသို့ TNLA အ ဖွဲ့ မှ နှောင့် ယှက် ပစ်ခတ် မှုကြောင့် အပြစ်မဲ့ ပြည်သူ လေးဦး ဒဏ်ရာရရှိ

နေပြည်တော် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ့်ဆန် မြို့တွင်းသို့ ဇန်နဝါရီ ၂၂ရက် ည ၁၂နာရီခွဲခန့်တွင် TNLA အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့် ယှက် ပစ်ခတ်ရာ နယ်မြေခံ တပ်မတော် သားများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် မြောက်ဘက်သို့
ဆုတ်ခွာသွားခဲ့သည်။ TNLA အဖွဲ့မှ မြို့တွင်းသို့ ပစ်ခတ် ခဲ့မှုကြောင့် နမ့်ဆန်မြို့တွင် နေထိုင်သူများ ဖြစ်ကြသော ဦးစည်သူရိန်း၂၆နှစ်(ဘ) ဦးမြင့်ဦး၊ ဒေါ်မျိုး ၂၃နှစ်(ဘ) ဦးမြင့်သိန်း၊ မောင်စိုင်းဇင်မင်းသန့် ၁၂ နှစ်နှင့် မောင်ဝေမင်းသန့် ၇ နှစ်(ဘ) ဦးဖုန်းနိုင်ဝင်း တို့သည် ဗုံးသီးစများ ထိမှန်၍ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။
ထိုသို့ TNLAအဖွဲ့၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့် နမ့်ဆန်မြို့မှ ပြည်သူများကို လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကု သမှု ခံယူလျက်ရှိပြီး ယနေ့နေ့လယ်ပိုင်းတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဖုန်းမြတ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားကာ လက်ဆောင် ပစ္စည်းများနှင့် ထောက်ပံ့ ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်

credit:myawaddy

No comments:

Post a Comment