Friday, January 29, 2016

ချယ်လ်ဆီးကစားသမား ရာမီရက်စ် တရုတ်ကျန်းစုအသင်းသို့ ပြောင်းရွှေ့

ချယ်လ်ဆီးအသင်းမှ ဘရာဇီးလက်ရွေးစင်ကွင်းလယ်လူ ရာမီရက်စ်သည် တရုတ်စူပါလိဂ် ကျန်းစုဆူနင်းအသင်းသို့ အပြီးပြောင်းရွှေ့သွားခဲ့ကြောင်း ချယ်လ်ဆီးအသင်းက အတည်ပြု ပြောကြားသည်။

ရာမီရက်စ်သည် ချယ်လ်ဆီးနှင့် ငါးနှစ်ခွဲကြာ ကစားခဲ့ပြီး ပြည်တွင်းနှင့် ဥရောပပြိုင်ပွဲအဓိ က ဖလားအားလုံးရယူခဲ့သူဖြစ်သည်။
ရာမီရက်စ်ပြောင်းရွှေ့မှုနှင့် ပတ်သက်၍ ချယ်လ်ဆီးအသင်းက အသေးစိတ်မပြောသော်လည်း ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့သွားသည်ဟု သတင်းဌာနများက ဖော်ပြသည်။
ရာမီရက်စ်သည် ချယ်လ် ဆီးအတွက်(၂၅၁)ကြိမ် ပါဝင်ကစားခဲ့ပြီး ၄၃ ဂိုးသွင်းယူခဲ့သည်။  ယခုရာသီတွင်မူ ၁၂ ပွဲသာ ပါဝင် ကစားခဲ့သည်။ ရာမီရက်စ်သည် ချယ်လ်ဆီးအသင်းတွင် ပါဝင်ကစားရင်း အက်ဖ်အေဖလား၊ ချန်ပီယံလိဂ် ဖလား၊ ယူရိုပါလိဂ်ဖလား၊ပရီးမီးယားလိဂ် ချန်ပီယံဖလားများ ရယူနိုင်ခဲ့သည်။ ပြီးခဲ့သည့်လက ကစားခဲ့သော မန်ယူနှင့်ပွဲသည် ရာပီရက်စ်အတွက် ချယ်လ်ဆီးနှင့် နောက်ဆုံးပါဝင်ကစားသည့် ပွဲဖြစ်ခဲ့သည်။     
credit from http://www.7daydaily.com/story/56800
  Ref:Goal

No comments:

Post a Comment