Friday, January 29, 2016

ရွှေတိဂုံဘုရား တောင် ဘက် မုခ် ရှိ ဓာတ် လှေ ကား ထဲ တွင် ဘုရားဖူးများ ပိတ်မိမှုဖြစ်ပွား မီးသတ် တပ်ဖွဲ့က မှန်ခွဲပြီး ကယ်ထုတ်ခဲ့ရ

ရန်ကုန် ဇန်နဝါရီ ၂၈
ရန်ကုန်မြို့ ရွှေတိဂုံဘုရား၏ တောင်ဘက်မုခ်တွင်ရှိသည့် ဓာတ်လှေကားမှာ ယနေ့ည ၈နာရီတွင် သတ်မှတ်ထားသည့် လူဦးရေ ထက်ပိုပြီး တင်ခဲ့ သောကြောင့် ဘုရားဖူးများ ပိတ်မိမှု ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့က ဓာတ်လှေကားအား မှန်ခွဲဖျက်ဆီး၍ ကယ်ထုတ် ခဲ့ရကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ဘုရားဖူးများကို အောက်မှအထက်သို့ ပို့ဆောင်ရာ အထက်သို့ ရောက်ရှိချိန်တွင် ဓာတ်လှေကား၏ တံခါးမှာ မပွင့်တော့ဘဲ အောက်ကိုပြန်ဆင်း သွားပြီး လမ်းကြောင်း အလယ်၌ ရပ်နေကာ ပိတ်မိမှု တစ်နာရီနီးပါးခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဓာတ်လှေကားအတွင်း ဘုရားဖူးများ ပိတ်မိမှု ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ရွှေတိဂုံဘုရား ဂေါပကအဖွဲ့မှ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကို အကူအညီ တောင်းခဲ့ရာ   မီးသတ်တပ်ဖွဲ့ဝင်များက လှေကားများ အသုံးပြုပြီး မှန်များကို ခွဲကာ ဘုရားဖူးများကို ကယ်တင်ခဲ့သည်။ ထိုသို့ ပြုလုပ်ရာတွင် ဓာတ်လှေကားထဲတွင် ပိတ်မိနေသည့် ဘုရားဖူးများမှာ အသက် အန္တရာယ်ကင်းစွာ လွတ်မြောက်ခဲ့သော်လည်း ကြာမြင့်စွာ ပိတ်မိမှုနှင့် မှန်ခွဲမှုများ ပြုလုပ်ခဲ့ရခြင်းကြောင့် ဘုရားဖူး တချို့မှာ အသက်ရှု ကြပ်ခြင်းနှင့် မှန်စအချို့၏ ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် ဆေးရုံသို့ တင်ခဲ့ရသည်။
ဓာတ်လှေကားမှာ သတ်မှတ်ထားသည့် လူဦးရေထက် ပိုတင်မှုကြောင့် တံခါးဝ မပွင့်ဘဲ အောက်သို့ပြန်ကြရာတွင် အရှိန်နှင့်မကျဘဲ  ဖြည်းညင်းစွာ ကျခဲ့ခြင်းကြောင့် ဘုရားဖူးများ အသက်အန္တရာယ်  မရှိခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ကျွမ်းကျင် ဝန်ထမ်း တချို့ ၏ ပြောကြား ချက်အရ သိရသည်။
သီရိ၊ မင်းသော်တာလွင်
credit :http://www.myawady.net.mm/

No comments:

Post a Comment