Friday, January 29, 2016

လူတွေလိင်ဆက်ဆံမှုကို ၀ဘ်ကမ်တွေကတဆင့် ဟက်လုပ်ပြီး နေ့တိုင်းကြည့်နေခဲ့တဲ့ နှာဗူးတစ်ယောက်

ဆိုက်ဘာဒုစရိုက်သမား ကွန်ပျူတာပညာရှင် တစ်ယောက်ဟာ လူတွေရဲ့ ၀ဘ်ကင်မရာတွေကတဆင့် သူတို့ရဲ့လိင်ဆက်ဆံမှုတွေကို တစ်နေ့ ၁၂နာရီကျော် ထိုင်ကြည့်နေခဲ့ကြောင်း အမျိုးသားပြစ်မှုအစိုးရဌာန (NCA) ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ Stefan Rigo ဆိုသူဟာ Blackshades လို့ခေါ်တဲ့ malware တွေကိုသုံးပြီး လူစိမ်းတွေရဲ့ ကင်မရာတွေကို ထိန်းချုပ်ခဲ့ပါတယ်။ ကွန်ပျူတာရှေ့မှာ အဲဒီ့လူတွေဘာလုပ်နေတယ်ဆိုတာကို ထိုင်ကြည့်ရင်း တစ်နေ့တစ်နေ့ အချိန်ဖြုန်းနေခဲ့တယ်လို့ သိရပါတယ်။

ခုတော့ နိုင်ငံတကာစစ်ဆင်ရေးတစ်ခုကနေ သူ့ကိုမိသွားပြီဖြစ်ပြီး အောက်ရုံးတရားသူကြီးက Rigoကို ထောင်ဒဏ် ရက်သတ္တပတ် ၄၀နဲ့ လစာမဲ့အလုပ်နာရီပေါင်း ၂၀၀လုပ်ပေးရမယ်ဆိုပြီး ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ လိင်ပိုင်းဆိုင်ရာပြစ်မှုချိုးဖောက်သူ စာရင်းမှာလည်း ၇နှစ်ကြာ မှတ်တမ်းထားရှိမှာဖြစ်တယ်လို့ သိရပါတယ်။

Rigo ဟာ ရည်စားဟောင်းဖြစ်သူရဲ့ ဘဏ်စာရင်းအသေးစိတ်ကို အသုံးချပြီး Blackshades malware ကို download လုပ်ခဲ့တာပါ။ အဲဒီ့ကနေတဆင့် ကမ္ဘာအနှံ့က သူပြစ်မှတ်ထားတဲ့ ကွန်ပျူတာတွေကို ထိန်းချုပ်နိုင်သွားတာဖြစ်ပါတယ်။

Skype ဒါမှမဟုတ် ကွန်ပျူတာတွေရှေ့မှာ လိင်ဆက်ဆံနေတဲ့ လူတွေပါဝင်တဲ့ ဓာတ်ပုံစီးရီးအတွဲလိုက်ကို Rigo ရဲ့ ကွန်ပျူတာမှာ စုံစမ်းစစ်ဆေးသူတွေက တွေ့ရှိခဲ့ရတယ်လို့ NCA မှပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ Blackshades ရဲ့ လုပ်ဆောင်ချက်တွေကို အသုံးပြုရာက၊ ၀ဘ်ကင်မရာတွေကို ထိန်းချုပ်နိုင်ခဲ့ခြင်း၊ အီးမေလ် စကားဝှက်တွေနဲ့ အီးမေလ်အကြောင်းအရာတွေကို ရယူနိုင်ခဲ့ခြင်း အကြောင်းတွေကို Rigo က၀န်ခဲ့မှုပြုခဲ့ပါတယ်။

ဒီလိုဆိုက်ဘာဒုစရိုက်သမားတွေရဲ့ သားကောင်မဖြစ်စေဖို့ ကိုယ်မသိတဲ့ Linkတွေ၊ အမည်မသိသူက ပေးပို့တဲ့ ဖိုင်တွေ၊ မယုံကြည်ရတဲ့ ဒေတာရင်းမြစ်တွေကို သွားပြီး Click မနှိပ်ဖို့ NCA ကနေ နှိုးဆော်ထားပါတယ်။


( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref:Daily Mail

No comments:

Post a Comment