Saturday, July 16, 2016

ပါဂျဲရိုး လိုင်စင်မဲ့ကား စီးနင်းသော ရဲစခန်းမှူးအား ဖမ်းဆီးအရေးယူ

မုံရွာ၊ ဇူလိုင် ၁၆။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာ၊ ရဲကင်းရဲစခန်းမှူးအား လိုင်စင်မဲ့ပါ ဂျဲရိုကား လက်ဝယ်ထားရှိ စီးနင်းမှုဖြင့် ဇူလိုင် ၁၄ ရက် နေ့ ညပိုင်းက ဖမ်းဆီးအရေးယူလိုက်ကြောင်း သတင်းရရှိသည်။


၎င်းရဲစခန်းမှူးကို ဖမ်းဆီးရန် တိုင်းရဲတပ်ဖွဲ့မှူး၏ တိုက်ရိုက်ညွှန်ကြားချက်ဖြင့် မုံရွာခရိုင် မူခင်းနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မှု/နှိမ်ရဲတပ်ဖွဲ့မှ သွားရောက်စစ်ဆေးစဉ် တိုင်ကြားခံရသော လိုင်စင်မဲ့ကားအား ရဲကင်းစခန်းတွင် တွေ့ရှိခဲ့ရပြီး စခန်းမှူးရဲအုပ်အား တန့်ဆည်မြို့မရဲစခန်းသို့ ခေါ်ဆောင်၍ ဖမ်းဆီးထားခဲ့သည်။

လိုင်စင်မဲ့ကား လက်ဝယ်ထားရှိစီးနင်းသော အဆိုပါ ရဲကင်းစခန်းမှူးအား အရပ်ဥပဒေ၊ရဲစည်းကမ်းဥပဒေ တို့ဖြင့် စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိတစ်ဦးက ပြောသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar

No comments:

Post a Comment