Saturday, July 23, 2016

နာမည်ကျော်အနုပညာရှင်များစွာရဲ့ ညစ်ညမ်းဓာတ်ပုံတွေကို ဖောက်ထွင်းယူခဲ့တဲ့ ဟက်ကာကို အမိန့်ချမှတ်

“Celebgate” ဖြစ်စဉ်လို့ နာမည်ကျော်ခဲ့တဲ့ ဖြစ်ရပ်ကို မှတ်မိကြအုံးမယ်ထင်ပါတယ်။


 ဂျနီဖာလောရင့်, အရီယားနားဂရန့်နဲ့ ကိတ်အပ်တန်တို့လို နာမည်ကျော် အနုပညာရှင်တွေရဲ့ iCloud တွေကို ဖောက်ထွင်းပြီးတော့ အနုပညာရှင်တွေ ကိုယ်တိုင်ရိုက်ကူးထားတဲ့ ညစ်ညမ်းဓာတ်ပုံတွေကို ဟက်ကာတစ်ယောက်က ဖောက်ထွင်းယူသွားခဲ့တဲ့ ကိစ္စပါ။ အခုဆိုရင်တော့ ဒီဟက်ကာကို တရားရုံးက အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။

ရီဟားနားနဲ့ ဆလီနာဂိုးမက်ဇ် တို့လည်းပါဝင်ခဲ့ပြီး တစ်ခြားသော နာမည်ကျော်များစွာရဲ့ iCloud တွေဟာ ဖောက်ထွင်းခံခဲ့ရပါသေးတယ်။  ဒီထဲကမှ သူတို့ ကိုယ်တိုင်ကိုယ်ကျ ရိုက်ကူးထားတဲ့  အိပ်ခန်းတွင်း ညစ်ညမ်းဓာတ်ပုံတွေဟာဆိုရင်တော့ လူမှုကွန်ရက်စာမျက်နှာပေါ်တွေကို ဖြန့်ချိခြင်းခံခဲ့ရတာပါ။ 

ကောလင်းစ်လို့အမည်ရတဲ့ လန်ကတ်စတာမြို့နေဟက်ကာတစ်ယောက်ဖြစ်ပြီး iCloud နဲ့ Gmail အကောင့်ပေါင်း ၁၀၀ ကျော်ကို တရားမဝင်ခိုးယူခဲ့တာကြောင့် ထောင်ဒဏ် ငါးနှစ်နဲ့ ငွေပြစ်ဒဏ် ဒေါ်လာ နှစ်သိန်းခွဲ ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။ 

ညစ်ညမ်းပုံတွေကတော့ နာမည်ကျော် web forum တွေဖြစ်တဲ့ Reddit နဲ့ 4chan တွေမှာ ဒီကိစ္စတွေက ပျံ့နှံ့လာခဲ့တာဖြစ်ပြီး ဒီပုံတွေကိုတော့ ကောလင်းကိုယ်တိုင်ဖြန့်ခဲ့လား / မဖြန့်ခဲ့ဘူးလားဆိုတာ မသဲကွဲသေးပါဘူး။ 

အခုလောလောဆယ်မှာ အမိန့်ချမှတ်ပြီးဖြစ်ပေမယ့်လည်း ဒီကိစ္စနဲ့ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်ကြားနာစစ်ဆေးသွားမှာ ဖြစ်တယ်လို့ တရားရုံးက ကြေညာချက်ထုတ်ပါတယ်။ 


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)    
#technology.thithtoolwin.com

Ref : cnet

No comments:

Post a Comment