Saturday, July 16, 2016

မကော်ကို အထင်မလွဲကြစေဖို့ .... နှင့် facebook ပေါ်မှ ရိုက်ခတ်သံ

အားလုံးသော, မကော်ကို, ချစ်ကြ, စိတ်ပူကြတဲ့ မိတ်ဆွေများ, ပရိတ်သတ်များ သိစေချင်လို့ပါရှင်, ကိုယ်က, အနုပညာရှင်မို့ , ဖြေရှင်းပေးရပါပြီ, မဟုတ်ရင် ညည့်သန်းခေါင်, ဒီမိန်းမဘာလုပ်လဲ? ဖြစ်မှာဆိုးလို့ပါ, ကျွန်မ, 13.7.2016. ညကရွှေတိဂုံမှာ, 10:15pm, မှ သူငယ်ချင်းတယောက်အတွက် ဆုတောင်းပေးပြီး ပြန်လာပါတယ်, နောက်Singapore Kitchen, မှာ ညီမချောစုနဲ့ , ဆုံပြီးမုံ့ စားပါတယ်, နောက်, ည11:00, ကျော်မှ ကျွန်မမိတ်ဆွေ ပွဲတခုက ညနေတည်းက ခေါ်နေတာမို့ ,မျက်နာသွားပြနှုတ်ဆက်ရင်း သီချင်း၃,ပုဒ် လောက်သွားဆိုပေးခဲ့ပြီး, အိမ်ပြန်လာ, ဆရာဝန်အသင်းတိုက်ရှေ့ ဓါတ်ဆီဆိုင်မှာ မနက်ပုလဲ, သွားမှာမို့ ဆီထုတ်ပြီး အပြန် မင်္ဂလာဈေးနှင့် ကန်တော်ကြီးပတ်လမ်းမှာ တဖက်ကား အဖြူ က,ကားက မကော်ရဲ့ကားကို ဝင်တိုက်ခဲ့တာပါ။
 
ကျွန်မက မီးစိမ်းမှ ထွက်တာဖြစ်သလို, ကျွန်မ မူးယစ်စေသောအရာ, ဘာတခုမှလည်း မသုံးစွဲခဲ့ပါရှင်, ကျွန်မက, အိမ်ကိုပြန်တာပါ, ကားမောင်းသူချင်းမို့ , မကော်အများကြီး  ကိုယ်ချင်းစာ တတ်သလို, တယောက်ထဲလဲဖြစ်, အနုပညာသမားတယောက်လည်း ဖြစ်နေတဲ့အတွက်, အများကြီးစဉ်းစားပြီး အလျှော့ပေးထားခဲ့ပါတယ်, မနက်က, ၅၁,လမ်းရုံးမှ,6:30am, မှပြန်ရောက်ပြီး, တောက်လျှောက် ဖုန်းဖြေပေးနေရတဲ့အတွက်, ခုထိသေချာမနားရသေးပါဘူး, နောက်ပြီးအချိန်မတော်တယောက် တည်းဆိုတော့, မကော်ကို တမျိုးမြင်ကြတဲ့သူတွေအတွက်, မကော်ကို စိတ်ပူနေတဲ့ ချစ်ခင်သူတွေအတွက်, ဒီPost,ကိုတင်ရခြင်း ဖြစ်ပါတယ်။


 ဖြစ်တဲ့အချိန်တယောက်တည်းမို့, လက်တုန်ခြေတုန်,ကြောက်လန့်နေတဲ့ အချိန်မှာ, စကားနဲ့သတိပေးသူများ, ဓါတ်ပုံမှတ်တမ်းတင်ပေးသူများ, မိုးလင်းသည်အထိ သက်သေလိုက်ကူညီပေးတဲ့ခလေးများ, ဖုန်းနံပါတ်များပေးထားပြီး, သူတို့ကိုခေါ်ဘို့ပြောတဲ့မျက်မြင် သက်သေများ, Messenger, မှစိတ်ပူပေးသူများ, အားလုံးကိုလည်းကျေးဇူးတင် တယ်ဆိုတာထက်, အများကြီးပိုပါတယ်ရှင်, ကျွန်မအမေ, ၈၂,နှစ်နဲ့ နှစ်ယောက်တည်းနေတာ ဖြစ်တဲ့အတွက်, လမ်းခရီးများထွက်လျှင်တယောက်တည်း ဖြစ်နေတတ်သလို, အနုပညာရှင်များစွာက, ညဘက်မှာအလုပ်ပိုလုပ်ဖြစ်တတ် ကြတာပါရှင်, အခုတော့တကိုယ်လုံးနာကျင်နေတဲ့အတွက်, အိပ်ယာထဲမှာပါ,, စိတ်ပူပေးကြလို့ကျေးဇူးအထူးပါ,, အမှန်အတိုင်းဖြစ်လာစေဘို့ကိုဘဲ ဆုတောင်းနေပါတယ်ရှင်🙏💐🎶

Tun Connie (မကော်)

No comments:

Post a Comment