Saturday, July 16, 2016

ကောက်စိုက်သမ (၁၆)ဦးတင်ဆောင်လာတဲ့ သုံးဘီးယာဉ်နှင့် ၁၂ ဘီးယာဉ်တိုက်မှု ဖြစ်ပွား ကောက်စိုက်သမ (၇)ဦး သေဆုံး၊ ကျန်ကောက်စိုက်သမတွေ ဒဏ်ရာပြင်းထန် (စိုးရိမ်ရ)

သုံးဘီးယာဉ်နှင့် ၁၂ ဘီးယာဉ်တိုက်မှု ဖြစ်ပွား

ကျောက်တံခါး ဇူလိုင် ၁၂

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင် (၁၂)ရက် နံနက် (၇း၂၀)အချိန်၌ ဂနက်အုပ်စု၊ နွန်းနီးရားကျေးရွာအနီး ရန်ကုန်-မန္တလေး(လမ်းဟောင်း) မိုင်တိုင် အမှတ် (၁၁၃/ ၁)နှင့် (၁၁၃/၂)အကြား မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ပါရာကပ် (ခ) ဘာဂျာ (၂၉)နှစ် (ဘ) ဦးပရင်ကျန်း ဘာဘူ ကုန်းကျေးရွာနေသူ မောင်းနှင်ပြီး
နောက်တွင် ကောက်စိုက်သမ (၁၆)ဦးအား သုံးဘီးဆိုင်ကယ်ဖြင့် တင်ဆောင်မောင်းနှင်လာစဉ် မျက်နှာချင်းဆိုင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း ဝေလင်းထိုက် (၂၅)နှစ် (ဘ) ဦးမြစိုး စာဘူးတောင်းကျေးရွာ လှည်ကူးမြို့ မောင်းနှင်လာသည့် ယာဉ်အမှတ် (IF/ 3391)CHENG CONG အမျိုးအစား (၁၂)ဘီးယာဉ်ဖြင့် မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် သုံးဘီးဆိုင်ကယ်ပေါ်ပါ ကောက်စိုက်သမ (၇)ဦး သေဆုံးခဲ့ပြီး သုံးဘီးယာဉ်မောင်း ပါရာကပ် (ခ) ဘာဂျာနှင့် ကောက်စိုက်သမ (၁၁)ဦး ပေါင်း (၁၂)ဦးတို့မှာ အတွင်းလူနာ (စိုးရိမ်ရ) ဒဏ်ရာရရှိ ခဲ့ပါကြောင်းနှင့် မှုခင်းဖြစ်စဉ်အား ဆက်လက် စုံစမ်းနေကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/


No comments:

Post a Comment