Sunday, July 3, 2016

Instagram ကို Register လုပ်ထားသူ သန်း ၅၀၀မှာ သန်း ၃၀၀ က နေ့စဉ်အသုံးပြုလျက်ရှိ

၀၁၄ခုနှစ်တုန်းက အသုံးပြုသူအရေအတွက် သန်း ၃၀၀ ကနေ သန်း ၄၀၀ထိ တိုးတက်လာခဲ့တယ်ဆိုပြီး ယမန်နှစ်၊ စက်တင်ဘာလတုန်းက Instagram ဟာ ထုတ်ပြန်ကြေငြာခဲ့ဖူးပါတယ်။ အဲ့ဒီအချက်ကို ထုတ်ပြန်ပြီး ကိုးလအကြာ ယခုအခါမှာ Facebook ပိုင်ဆိုင်တဲ့ လူမှုကွန်ယက်ဟာ အသုံးပြုသူ သန်း ၅၀၀အထိ တိုးလာခဲ့ပါတယ်။


အဲ့ဒီအထဲက သန်း ၃၀၀ဟာ Instagram ကိုနေ့စဉ် အသုံးပြုလျက်ရှိနေတယ်လို့ ဆိုပါတယ်။ အသုံးပြုသူ အားလုံးရဲ့ ၈၀ရာခိုင်နှုန်းဟာ ယခုအချိန်မှာ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်ပကလူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာဆိုရင် Instagram ရဲ့ ဝန်ဆောင်မှုတွေ နိုင်ငံတကာထံ ရောက်ရှိမှုနှုန်းဟာ တဖြည်းဖြည်းနဲ့ ကြီးမားကျယ်ပြန့်လာတာလို့လည်း ဆိုလိုပါတယ်။

Facebook ရဲ့ လုပ်ဆောင်ချက်တွေဟာ တဖြည်းဖြည်းနဲ့ ကြီးမားကျယ်ပြန့်လာနေပြီး Instagram ဟာ သန်း ၄၀၀ကနေ ကိုးလအတွင်း သန်း ၅၀၀ ထိခုန်တက်သွားတာပါ။ အဲ့ဒီအပြင် Facebook ကိုယ်တိုင် အသုံးပြုသူအရေအတွက်ဟာ သန်း ၁၆၀၀ ကျော်ရှိပြီး၊ Facebook ပိုင်ဆိုင်တဲ့ WhatsApp ဟာလည်း အသုံးပြုသူ သန်း ၁၀၀၀ ကျော်သွားခဲ့ပါပြီ။ အဲ့ဒီအပြင် Messenger App ဟာလည်း အသုံးပြုသူ သန်း ၉၀၀ နီးပါးရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

No comments:

Post a Comment