Saturday, July 16, 2016

စေတမန် ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၂ ဦးသေဆုံး၊ ၂၅ ဦး ဒဏ်ရာရ

ရန်ကုန်မှ တောင်ငူသို့ ထွက်ခွာလာသော စေတမန် ခရီးသည်တင် ယာဉ်တစ်စီး ဇူလိုင်လ ၁၅ ရက်နေ့ ည ၁၀ နာရီခန့် က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၉၇ အနီး တိမ်းမှောက်ရာမှ ခရီးသည်နှစ်ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်မှ တောင်ငူသို့  ည ၇ နာရီအချိန်မှာ ခရီးသည်တင်ဆောင် ထွက်ခွာလာတဲ့ စေတမန် YGN / 6E - 8360 ခရီးသည်တင် ယာဉ်ကို ယာဉ်မောင်း ကိုဇေ မောင်းနှင်းလာစဉ် တိမ်းမှောက်ခဲ့တာ ဖြစ်ပါသည်။
အခင်းဖြစ်ပွားရာ နေရာမှာ အမျိုးသမီး တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရတဲ့ ခရီးသည် ကျား ၁၃ ဦးနဲ့ မ ၁၃ ဦးကို မြို့ချောင်းတိုက်နယ် ဆေးရုံသို့  ပို့ ဆောင်ကုသနေစဉ် အမျိုးသမီး တစ်ဦး ထပ်မံ သေဆုံးခဲ့ပါသည်။ ဒဏ်ရာပြင်းထန်သူတွေကိုတော့ ဖြူးဆေးရုံသို့ လွဲပြောင်းပေးလိုက်ကြောင်း သိရပါသည်။
တိမ်းမှောက်ယာဉ်မှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ မှာ ထွက်ပြေးတိမ်းရှောင် သွားကြောင်း စုံစမ်းသိရှိရပါသည်။

BY သစ်ထူးလွင်



No comments:

Post a Comment