Sunday, July 3, 2016

Messenger မှာ ဘောလုံးဂိမ်းကစားနိုင်ပြီ

အရင်ကတော့ Messenger မှာ စစ်တုရင်ထိုးတာနဲ့ ဘတ်စကတ်ဘောကစားတာတွေကို လျို့ဝှက်ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ဗားရှင်းမှာတော့ ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


သင့်အနေနဲ့ ဒီလို ဆော့ကစားချင်တယ်ဆိုရင်တော့ နောက်ဆုံး Messenger ဗားရှင်းကို ဒေါင်းလုဒ် အရင်ဆုံးရယူရမှာပါ။ ပြီးရင်တော့ messenger ရဲ့ emoticon တွေထဲက ဘောလုံးပုံလေးကို ရွေးပြီး ကိုယ်နဲ့ ကစားလိုတဲ့ သူငယ်ချင်းတစ်ယောက်ကို ပို့ပေးလိုက်ပါ။ပြီးရင်တော့ ဘောလုံးပုံလေးကို နှိပ်လိုက်ပါ။ အဲ့ခါကျရင် ဘောလုံးဂိမ်းကစားလို့ရတဲ့ frame ထဲကို ရောက်ရှိသွားမှာဖြစ်ပြီး သင့်အနေနဲ့ ဘောလုံးကို ပြန်မကျအောင် လက်နဲ့တော့ပြီး ဆော့ကစားရမှာဖြစ်ပါတယ်။

အရင်က ဘတ်စကတ်ဘောကစားတဲ့ဂိမ်းဟာဆိုရင်တော့ အသုံးပြုသူတွေကြားမှာ ရေပန်းစားခဲ့ပြီး အဲ့ဒီဂိမ်းကို ဆော့တဲ့အကြိမ်ရေ တစ်ဘီလျံကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဂိမ်းတွေကတော့ ကိုယ်နဲ့ ဆော့ကစားလိုတဲ့ သူငယ်ချင်းနဲ့ high score ပြိုင်ရတာဖြစ်ပြီး သင့်သူငယ်ချင်းကလည်း messenger နောက်ဆုံးဗားရှင်းရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။

စစ်တုရင်ထိုးတဲ့ ဂိမ်းကတော့ စာရိုက်ပြီးအကွက်ရွှေ့ရတာဖြစ်လို့ ကစားလို့ သိပ်အဆင်မပြေပါဘူး။ @fbchess လို့ရိုက်လိုက်ရင် စစ်တုရင်ထိုးလို့ရမှာပါ။ သင့်အနေနဲ့ နောက်ဆုံးဗားရှင်းရှိရက်နဲ့ ဒီလိုဆော့ကစားလို့မရဘူးဆိုရင်တော့ phone setting ထဲကို သွားရောက်ပြီး App ကို clear cache ပြုလုပ်ရမှာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Android Authority

No comments:

Post a Comment