Sunday, July 24, 2016

ညအချိန်မတော် လိုင်းကားပေါ်က အမျိုးသမီးကို ဓားပြခေါ်ဆောင်မုဒိမ်းကျင့်သူကို ဖမ်းမိ


၂၀၁၆ ဇူလိုင်လ ၁၂ ရက်က နံနက်စောစော ၁း၃၀ နာရီတွင် ညီအစ်မနှစ်ဦး အလုပ်ပြီး၍ လှိုင်သာယာနေအိမ်သို့ ပြန်ရန် ရွာမကွေ့တွင်တွေ့ရှိသော အမှတ် ၁၀၀ ဒိုင်နာကားပေါ်တက်၍ စီးနင်းလိုက်ပါခဲ့သည်။ သီရိမင်္ဂလာဈေး ကားမှတ်တိုင်အရောက် ကားပေါ်သို့ အသက်(၃၀)ခန့် အသားမည်း၊ ပိန်ပိန်အမျိုးသားတဦး တက်လာသည်။

နဂါး ၃ ကောင် သယ်ဆောင်လာမည့် မောက္ကတော်ရွာဆိပ်ကမ်းမှ ဓမ္မစေတီခေါင်းလောင်းသံ


16 - 7 - 2016 တွင် မောက္ကတော်ရွာမှ ကိုမြင့်ကိုထံ သဲဖြူဆရာတော် ဦးပညာဇောတ၏ ကပ္ပိယများဖြစ်ကျသော ဦးသန်းအောင်နှင့်ဦးဘုန်းမြင့်ရှိန်တို့မှ ဓမ္မစေတီခေါင်းလောင်းကို နဂါး ၃ ကောင်မှ သယ်ဆောင်လာပြီး မောက္ကဆော်ဆိပ်ကမ်းတွင် ပေါ်မည်ဟု မိန့်ကြားသောကြောင့် မောက္ကတော်ရွာအထက်ဖက်ကပ်ရက် ကုက္ကားချောင်းနှင့် ချင်းတွင်းမြစ်ဆုံရာ ကုက္ကို ပင်အနီးတွင် ကတော့ပွဲ ၉ ပွဲစာဆင်နိုင်သော မဏ္ဍပ်ဆောက်လုပ်ပေးရန် ဖုန်းဆက်ခိုင်းစေသောကြောင့် တည်ဆောက်ပေးခဲ့ပါသည်။

မိုင်းလား၊ ဝ အဖွဲ့ တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အခု လကုန်ပိုင်း တွေ့ဖို့ရှိ

 ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီဝင် တွေ က ပြီးခဲ့တဲ့ လ တုန်းက မိုင်းလား ကို သွားခဲ့တဲ့ ခရီးစဉ် အတွင်း မှာ ကတည်းက အခုလို မိုင်းလားနဲ့ ဝ ခေါင်းဆောင် တွေ နေပြည် တော် လာဖို့ ဖိတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အထူးဒေသ ၄ မိုင်းလား အဖွဲ့ NDAA နဲ့ ဝ လက်နက်ကိုင် UWSA တို့ရဲ့ ခေါင်းဆောင် တွေ နဲ့ ဇူလိုင်လ နောက်ဆုံးပတ်ထဲ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်ပြည့် အထိမ်းအမှတ်

မြန်မာ့ငြိမ်းချမ်းရေးဗိသုကာကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း လိုလားတောင့်တ ခဲ့တဲ့ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို အရပ်သားစစ်စစ် အစိုးရလက်ထက်မှာ လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်စေချင်တယ်လို့ ဆရာကြီးသခင် ကိုယ်တော်မှိုင်းကို လေးစားသူတွေက ပြောဆိုလိုက်ပါတယ်။

အသက် ၅၀ကျော်လင်မယား၂ဦး ထိုင်းနိုင်ငံမှာ ရောင်းစားခံရ

July 24-2016

ထိုင်းနိုင်ငံ ကမ်ချနဘူရီခရိုင်က တောထဲမှာ ရောင်းစားခံရတဲ့ အသက် ၅၀ကျော် လင်မယား ၂ဦးနဲ့အတူ ရောင်စားခံရတဲ့ လူ၎ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ က ထိုင်းလူကုန်ကူးမူ တိုက်ဖျက်ရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ခဲ့ပါတယ် ။

ထိုင်းလေယာဉ်မယ် တစ်ဦး ကုန်တိုက်အပေါ်ထပ်မှ ခုန်ချ သေဆုံး


News update 23July2016

ဒီနေ့ မနက်ပိုင်းက ဘန်ကောက်မြို့  Lat Phrao Road လက်ဖလော လမ်းမှာရှိတဲ့ shopping Mall center ဈေးရောင်းစံ တာ ကုန်တိုက်ကြီး ရဲ့ (၇) ထပ်အမြင့် ကားရပ်နားရာ နေရာကနေ အမျိုးသမီးတဦး ခုန်ချပြီး မိမိကိုယ် အဆုံးစီရင် သွားခဲ့ကြောင်းသိရပါတယ်။

ပည်တွင်းရှိ သားရဲ တိရစ္ဆာန်များကို ပြည်ပသို့ တရားမဝင် ရောင်းချနေမှုများ ထိန်းချုပ် သွား မည်

မြန်မာနိုင်ငံ အတွင်းရှိ သားရဲ တိရစ္ဆာန်များကို ပြည်ပသို့ တရားမဝင် တင်ပို့ရောင်းချ နေမှုများ ကြောင့်
မျိုးသုဉ်းပျောက်ကွယ်မှု အန္တရာယ်ကင်းဝေးရန် ထိရောက်သော ကြပ်မတ်မှုများဖြင့် ထိန်းချုပ် ပေးသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အမြန်လမ်းပေါ်ကလူလိမ်‬ (သို့) ‎နှလုံးအထူးကုခွဲစိတ်ဆရာဝန်ကြီးအတု‬

(၂၃.၇.၂၀၁၆)

ကျွန်တော်တို့ အမြန်လမ်းပေါ်မှာ တစ်ဖက်က အကူအညီပေးနေတာကို အခွင့်ကောင်းယူပြီး လိမ်လည်မှုတစ်ခု ယနေ့ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြူးမြို့မရဲစခန်းမှ စခန်းမှူးစံလှ၊ ဒုရဲအုပ်ဇာနည်ဇော်၊ အမြန်လမ်းတပ်ဖွဲ့မှ ရဲအုပ်သူရစိုး တို့ပူးပေါင်းပြီး အချိန်နှင့်တပြေးညီဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မက္ကဆီကို ပြန်ပေးဆွဲသမား နှစ်ဦးအား ထောင်ဒဏ် အနှစ် ၅၂၀ ချမှတ်

မက္ကဆီကို Heaven ဘား ပြန်ပေးဆွဲမှု အတွင်း သေဆုံးသွားသည့် လူငယ်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

    မက္ကဆီကို နိုင်ငံ တွင်ဖြစ်ပွားခဲ့သည့် ထိတ်လန့်ဖွယ်အကောင်းဆုံး ပြန်ပေးဆွဲမှုများအနက် လူသတ်ပြန်ပေးဆွဲမှု တစ်ခု တွင် ပါဝင်ခဲ့သည့် လူနှစ်ဦးအား ထောင်ဒဏ် အနှစ် ၅၂၀ ချမှတ်ခဲ့ကြောင်း မီဒီယာ တစ်ခု က ဇူလိုင် ၂၃ တွင် ဖော်ပြခဲ့သည်။

တက္ကဆက်ပြည်နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား လေးဦးသေ၊ တစ်ဦးဒဏ်ရာရရှိ

တက္ကဆက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု တစ်ခုသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဟူစတန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အလယ်ပိုင်း ရှိ Bastrop မြို့ တွင် ဇူလိုင် ၂၃ ရက်က ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့၍ လေးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Saturday, July 23, 2016

နာမည်ကျော်အနုပညာရှင်များစွာရဲ့ ညစ်ညမ်းဓာတ်ပုံတွေကို ဖောက်ထွင်းယူခဲ့တဲ့ ဟက်ကာကို အမိန့်ချမှတ်

“Celebgate” ဖြစ်စဉ်လို့ နာမည်ကျော်ခဲ့တဲ့ ဖြစ်ရပ်ကို မှတ်မိကြအုံးမယ်ထင်ပါတယ်။

“ Pokemon Go “ ကစားရင်း ချောက်ကမ်းပါးအစွန်းကနေ ပြုတ်ကျသွားသူ ၂ ဦး





Reality ဂိမ်းအမျိုးအစားဖြစ်တဲ့ Pokemon Go ကစားရင်း ကျောက်ကမ်းပါးအစွန်းကနေ လူ ၂ ယောက်ပြုတ်ကျသွားကြောင့် San Diego အာဏာပိုင်တွေက ပြောကြားထားပါတယ်။

မုံရွာလမ်းချဲ့ဖို့ ဒေသခံတွေ အငြင်းပွား

အပင်တွေခုတ်ဖို့ ထောက်ခံတဲ့ ဆိုင်းဘုတ် စိုက်ထူ
မုံရွာကနေ သာစည်ကို သွားတဲ့ ခရိုင်ချင်းဆက်လမ်းကို တိုးချဲ့ဖို့ လမ်းမပေါ်မှာ ရှိတဲ့ အရိပ်ရ အပင်ကြီးတွေကိုခုတ်ဖို့ သက်ဆိုင်ရာက စီစဉ်နေပါပြီ ။

စီးပွားရေးပြုပြင်ပြောင်းလဲဖို့ ဒီချုပ်အစိုးရ အချိန်လိုအပ်

သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုသမ္မတများ အစိုးရအဖွဲ့အစည်းအဝေးကျင်းပစဉ်။ (ဇွန် ၁၅၊ ၂၀၁၆)
NLD အစိုးရသစ်အနေနဲ့ မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍကို အမှန်တကယ် ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် လုံ လောက်တဲ့ အချိန် အတိုင်းအတာတခုယူဖို့ လိုအပ်တယ်လို့ NLD စီးပွားရေး ကော်မတီဝင် ဦးမင်းခင်က ပြောလိုက်ပါတယ်။ NLD အစိုးရသစ် စတင်တာဝန်ယူပြီး အခုချိန်ထိ စီးပွားရေးကဏ္ဍမှာ ထူးခြားတဲ့ ပြုပြင်ပြောင်းလဲ မှု မတွေ့ရသလို နိုင်ငံအတွက် ခိုင်မာတိကျတဲ့ စီးပွားရေး မူဝါဒလမ်းစဉ်မျိုး မတွေ့ရသေးဘူးလို့ မြန်မာ့ အရေး လေ့လာသူတွေ ဝေဖန်နေကြတာပါ။ ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် က တင်ပြထားပါတယ်။

အင်တာနက်သုံးစွဲခ လျှော့ချနိုင်ရန် Infrastructure Sharing လုပ်မည်

မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းမှ ဆွေးနွေးနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

    အင်တာနက် သုံးစွဲခ နှုန်းထားများကို အများလက်ခံနိုင်သည့် သင့်တင့်သော ဈေးနှုန်းသို့ လျှော့ချနိုင်ရန် အခြေခံ အဆောက်အအုံများ တည်ဆောက်ရာတွင် ဆက်စပ် ဌာနများ၊ အဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များအကြား မျှဝေ ဆောင်ရွက်ခြင်း (Infrastructure Sharing) ကို စတင် ဆောင်ရွက်တော့မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ယနေ့ နေပြည်တော်၌ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန နှင့် A4AI (Alliance for Affordable Internet) တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

စီမံကိန်းဒေသရှိ ဘုန်းကြီးကျောင်း ဖယ်ရှားဖို့စီစဉ်


စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသကို တွေ့ရစဉ်။ Photo: RFA
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်မှာ ဖော်ဆောင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှာ အကျုံးဝင်တဲ့ ဇီးတောရွာက မြေ ၃ ဧကနီးပါးကျယ်ဝန်းတဲ့ စန်းမြဝတီ ဘုန်းတော်ကြီးကျောင်းနဲ့ သာသနိကအဆောက်အအုံတွေ ဖျက်ဆီးမှာကို ရွာသားတွေကလက်မခံဘဲ မနေ့ကစ အလှည့်ကျ ကင်းစောင့်နေကြပါတယ်။

အဂတိတိုက်ဖျက်ရေး ရခိုင်ပြည်နယ်အစိုးရ ကတိပေး

ရခိုင်ပြည်နယ်အစိုးရရဲ့ ရက်တစ်ရာစီမံချက်အတွင်း ဆောင်ရွက်ပြီးစီးခဲ့တဲ့လုပ်ငန်းတွေ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဇူလိုင်လ ၂၂ ရက်နေ့က ပြလုပ်စဉ်။ Photo: Min Thein 
ပြီးခဲ့တဲ့ အစိုးရလက်ထက် ရခိုင်ပြည်နယ်တွင်းက ပြည်သူတွေ နစ်နာဆုံးရှုံးမှုတွေရှိခဲ့တာကို လက်ရှိ ပြည်နယ် အစိုးရအနေနဲ့ အတတ်နိုင်ဆုံးဖြေရှင်းဆောင်ရွက်နေရတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က ပြောကြား လိုက်ပါတယ်။

ပြည်ခရိုင်တွင် ပြင်းထန်ကူးစက်မြန် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိကြောင်း အတည်ပြု

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ ပြည်ခရိုင်တွင်ဖြစ်ပွားလျှက်ရှိသော ဝမ်းပျက်ဝမ်းလျှောရောဂါများတွင် ပြင်း ထန်ကူးစက်မြန် ဝမ်းပျက်ဝမ်းလျှောရောဂါပိုးတွေ့ရှိကြောင်း အတည်ပြုနိုင်ခဲ့သဖြင့် ရောဂါကာကွယ်ရေး၊ ကုသ ရေးလုပ်ငန်းများအား တင်းတင်းကျပ်ကျပ် တိုးမြှင့်လုပ်ဆောင်နေကြာင်း ပြည်မြို့အထွေထွေရောဂါကုဆေးရုံကြီး မှ သိရှိရသည်။

ယစ်မျိုးလိုင်စင်ချပေးမှု ရပ်တန့်ထားသောကြောင့် လက်လွှဲလက်ပြောင်း ဈေးကွက်တွင် ကျပ်သိန်း ၁၀၀ နီးပါး ပေါက်ဈေးရှိ

ဘီယာရောင်းချခွင့်၊ အရက်ရောင်း ချခွင့်လိုင်စင်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂၀၁၃ ခုနှစ်မှ စတင်ပြီး ထပ်မံ ချထားပေးခြင်းမရှိဘဲ ပိတ်ပင်လိုက်သောကြောင့် လိုင်စင်ရှိသူနှင့် လိုင်စင်လိုအပ်သူတို့ကြား လက်လွှဲလက်ပြောင်း ပြန်လည်ရောင်းချရာတွင် လိုင်စင်တခုလျှင် ကျပ် သိန်း ၁၀၀ နီးပါးအထိရှိလာကြောင်း သိရသည်။

NLD အစိုးရ ရက်(၁၀၀) ဆောင်ရွက်ချက် ကန် ချီးကျူး

ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ အိုဘားမားက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံစဉ် ( နိုဝင်ဘာလ ၁၄ ရက် ၂၀၁၄)
ပထမ ရက်ပေါင်း (၁၀၀)အတွင်း မြန်မာအစိုးရသစ်အနေနဲ့ ကြီးမားတဲ့ အောင်မြင်မှုတွေ လုပ်ဆောင် နိုင်ခဲ့တယ်လို့ အမေရိကန် အစိုးရက ပြောကြား လိုက်ပါတယ်။

ခွေးတစ်ကောင်အား တိုက်မိပြုစဉ် ဆိုင်ကယ်မှောက်၍ အမျိုးသားတစ်ဦးသေဆုံး

မန္တလေးတိုင်း တောင်သာ - ကျောက်ပန်းတောင်း သွားလမ်းမပေါ်တွင် ဇူလိုင်၂၃ရက် နံနက် ၉း၃၀အချိန်က တောင်သာမြို့နယ်၊ ရွာသစ်ကျေးရွာနေ ဦးတင်အောင်(၇၇)နှစ် လ/ထ တိုင်းပညာမှူး(ငြိမ်း)သည် နောက်မှ ကိုသန်းကို လိုက်ပါလျက်

Monday, July 18, 2016

‎တောင်ကျချောင်းရေကျဆင်းမှုကြောင့် ဆိုင်ကယ်နှင့်နွားအချို့မျောပါမှုဖြစ်‬

တောင်တွင်းကြီး ဇူလိုင် (၁၇)

မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့နယ်တွင် တောင်ကျချောင်းရေကျဆင်းမှုကြောင့် ချောင်းဖျားတစ်လျှောက်ရှိ ကျေးရွာမှ ဒေသခံအချို့၏ မော်တော်ဆိုင်ကယ်နှင့် လှည်းတစ်စီး ၊ နွားနှစ်ကောင် ရေစီးနောက်မျောပါမှုတစ်ခု ယနေ့ ဇူလိုင် (၁၇) ရက် ညနေ (၄)နာရီ (၅၀)မိနစ်အချိန်ခန့်ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးအား တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုအရသိရသည် ။

အရက်မူးနေသည့် ခင်ပွန်းက ဇနီးဖြစ်သူကို ဓားဖြင့်ထိုးသတ်

တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဟိုရမ်းကျေးရွာတွင် ဇူလိုင်လ(၁၇)ရက်နေ့ ညနေပိုင်းက အရက်သောက်ထားသည့် ယောက်ျားဖြစ်သူက စကားများရန်ဖြစ်ပြီး ဇနီးဖြစ်သူအား ဓါးဖြင့်ထိုးလိုက်သဖြင့် နေရာတွင် ပွဲခြင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ရွှေစင်စင်္ကြာ အရှိန်လွန် တိုက်မှု

ဇူလိုင်လ (၁၈)ရက်နေ့ ယနေ့၁၂နာရီခွဲမှာ ရန်ကုန် - မန္တလေးလမ်းဟောင်း မိုင်တိုင်၅၈/၆နှင့်၅၈/၇ အကြား ဘုရားကြီးမြို့အဝင်မှာ ရပ်ထားသည့် အဖြူရောင်၁၂ဘီးကားအား ရွှေစင်စင်္ကြာမှ အရှိန်လွန် ဝင်တိုက်မိခဲ့ပြီး၊  အရှေ့မှရပ်ထားသည့် တက္ကစီယာဉ်ပါကိုပါ ဆက်လက် တိုက်မိ ခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာက ရဟတ်ယာဉ်(၄၂)စီး ပျောက်ဆုံး

တူရကီနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်သတ္တပါတ်အတွင်းက အာဏာသိမ်းဖို့ ကြိုးပမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် စစ်ဘက်ဆိုင်ရာက ရဟတ်ယာဉ် (၄၂) စီးပျောက်ဆုံးနေခဲ့တယ်လို့ စပွန်နစ်သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီလို ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်တွေဟာ အစိုးရဆန့်ကျင်တဲ့ တပ်ဖွဲ့တွေက ပြန်ပေးဆွဲသွားခဲ့တာ ဖြစ်နိုင်တာကြောင့် တူရကီအစိုးရက အစ္စတန်ဘူလ်မြို့မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့ဝင် (၁၈၀၀) လောက် ကို ဖြန့်ကျက်ချထားခဲ့တယ်လို့ သိရပါတယ်။

 ဒါ့အပြင် တပ်ဖွဲ့ဝင်တွေအနေ နဲ့ ပျောက်ဆုံးနေတဲ့ ရဟတ်ယာဉ်တွေကို တွေ့ရှိရင်လည်း တစ်စုံတစ်ရာ သတိပေးခြင်းမပြုဘဲ တစ်ခါတည်း ပစ်ချဖို့ အစိုးရက ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ကာဇက်စတန်မှာ ပစ်ခတ်မှုဖြစ်

 ကာဇက်စတန် မြို့တော်မှာ လုံခြုံရေး တပ်လှန့်
ကာဇက်စတန် နိုင်ငံ အယ်လ်မာတာ မြို့တော်မှာ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး လုံခြုံရေး အမြင့်ဆုံးထိ တပ်လှန့်ထားပါတယ်။

ရဲ ၃ ယောက်နဲ့ အရပ်သား တယောက် အသတ်ခံခဲ့ရပါတယ် ။

အာဇာနည် (၉) ဦး၏ အတ္ထုပတ္တိများ


၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံ၊ ရန်ကုန်မြို့ မြန်မာနိုင်ငံ ဗိုလ်ချုပ် အောင်ဆန်း အပါအဝင် နိုင်ငံရေးတွင် အလွန် အရေးပါသော ခေါင်းဆောင်ကြီး ကိုးဦး ကျဆုံးခဲ့သည်။ ထိုနေ့ကို အာဇာနည်နေ့ ဟု သတ်မှတ်ပြီး ယနေ့ထက်တိုင် အောင့်မေ့ သတိရ အမှတ်တရ ကျင်းပလျက်ရှိသည်။

Saturday, July 16, 2016

လားရှိုးမြို့နယ်၊ မိုင်းယော်မြို့အနီး မြှုပ်နှံထားသော အလောင်း ခုနစ်လောင်းနှင့် ပတ်သက်၍ ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေး ဆောင်ရွက်လျက်ရှိ

နေပြည်တော်  ဇူလိုင် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ မိုင်းယော်မြို့အနီးတွင် SSA (ဝမ်ဟိုင်း)အဖွဲ့နှင့်TNLA အဖွဲ့တို့သည် ပန်ကျန် လုံတောင်ကုန်း ဝန်းကျင်တစ်ဝိုက်အခြေပြု၍ ပန်ကျိန်လုံ၊ ပန်ကျိန်အွန်၊ ဖာလိုင်လွယ်၊ ဖာလိုင်မန်ကန်နှင့် ဖာမိန့်ကျေးရွာ များတွင် နေထိုင်ကြသော   ရွာသူရွာသားများအား အဓမ္မလူသစ် စုဆောင်းမှုများ ပြုလုပ်နေကြောင်း သတင်းအရ ယင်းနယ်မြေ အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းက ဇွန်၂၅ ရက်တွင် နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့သည်။

ပါဂျဲရိုး လိုင်စင်မဲ့ကား စီးနင်းသော ရဲစခန်းမှူးအား ဖမ်းဆီးအရေးယူ

မုံရွာ၊ ဇူလိုင် ၁၆။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ်၊ တောဂျင်ကျေးရွာ၊ ရဲကင်းရဲစခန်းမှူးအား လိုင်စင်မဲ့ပါ ဂျဲရိုကား လက်ဝယ်ထားရှိ စီးနင်းမှုဖြင့် ဇူလိုင် ၁၄ ရက် နေ့ ညပိုင်းက ဖမ်းဆီးအရေးယူလိုက်ကြောင်း သတင်းရရှိသည်။

ဆေးဝယ်ပြီးပြန်လာသော အမျိုးသမီးငယ်ကို အမျိုးသားတစ်ဦးက ပါးစပ်ပိတ်ခေါ်ဆောင်၍ သားမယားပြုကျင့်

ယခုဖော်ပြထားသည့် ဓါတ်ပုံ မှာ နမူနာဓါတ်ပုံသာ ဖြစ်ပါတယ်။ အဓမ္မပြုကျင့်ခံရသူ၏ ပုံမဟုတ်ပါ။ 
မော်လမြိုင်၊ ဇူလိုင် ၁၁ ။ ။ မော်လမြိုင်မြို့၊ ကော့ခနိရွာသစ်တွင် နေမကောင်းသည့် ဖခင်အတွက် ဆေးဝယ်၍ နေအိမ်သို့ ပြန်လာသော အသက် ၁၇ အရွယ် အမျိုးသမီးငယ်ကို ဇူလိုင် ၁၀ ရက်နေ့က တစ်ရပ်ကွက်တည်းနေသူ အမျိုးသားတစ်ဦးက အလိုမတူဘဲ သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ မိခင်ဖြစ်သူက အမှုဖွင့်တိုင်းကြားထားကြောင်း မုပွန်နယ်မြေ ရဲစခန်းထံမှ သိရသည်။

အရေခွံခွါပြီး အစွယ် ဖြတ်ထားတဲ့ ဆင် ၊ ရခိုင်ရိုးမတောအတွင်း တွေ့ ရှိ

ဓါတ်ပုံ - သူရမောင်
ဇူလိုင်လ (၁၆)

ရခိုင်ပြည်နယ် ဂွမြို့မှ ၁၁ မိုင်ခန့် ရိုးမတောအတွင်း တောဆင်ရိုင်း တစ်ကောင်သေဆုံးလျက်တွေ့ရှိရပါသည်။ သေဆုံးနေသည့် ဆင် တွင် အရေခွံခွါထားခြင်း၊ အစွယ် ဖြတ်ထားခြင်း၊ တွေ့ရှိရပြီး။ အနီး ဝန်းကျင်တွင် လက်နက် သေနတ် နှစ်လက်ပါ တွေ့ရှိကြောင်း သတင်းရရှိသည်။

ကလေးကျောင်းပို့သွားရာမှ ဖခင်ဖြစ်သူ ချောင်းအတွင်း ရေနစ်သေဆုံး

စေတုတ္တရာမြို့နယ်ရှိ ဆီမီးချောင်းအတွင်း အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့မှု ဇူလိုင်၁၅ရက်က ဖြစ်ပွားခဲ့ကြောင်း စေတုတ္တရာမြို့မရဲစခန်းမှသိရသည်။

ကာလိတွင် မီးလောင်မှုဖြစ်ပွား

လွိုင်လင် ဇူလိုင် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ အမှတ်(၃)ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ ဦးစိုင်းတူး နေအိမ်တွင် ဇူလိုင် ၁၆ ရက် ၁၀း၁၀ အချိန် အလုပ်သမားစိုင်းမောင်လှက ဓာတ်ဆီပေပါမှ ၅ ဂါလံဆန့်သံပုံးထဲသို့ ဆီထုတ်ယူစဉ် ဆီဂေါက်တံနှင့် ပွတ်တိုက်မှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်။

တူရကီ အာဏာသိမ်းရန် ကြိုးပမ်းမှု၌ ကြံစည်သူ ၁၀၄ ဦး သေဆုံးခဲ့

တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ တံတား တစ်စင်းပေါ်၌ လုံခြုံရေးအဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)
    အန်ကာရာ၊ အစ္စတန်ဘူလ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

    တူရကီနိုင်ငံ စစ်တပ် အာဏာသိမ်းရန်ကြိုးပမ်းမှု၌ ကြံစည်သူ ၁၀၄ ဦး၊ စစ်သား၊ ရဲနှင့် အရပ်သား ၉၀ ဦး သေဆုံးခဲ့ကာ စစ်တပ် အရာရှိ ၁၅၆၃ ဦး ထိန်းသိမ်းခံထားရကြောင်း တူရကီ ခေတ္တ စစ်ဦးစီး အရာရှိချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး Umit Dundar က ဇူလိုင်လ ၁၆ ရက်၌ ပြောကြားခဲ့သည်။

အလုပ်သမားတွေ ဆန္ဒပြ

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်မှာရှိတဲ့ လဝန်းထက်သာ အထည်ချုပ်စက်ရုံက အလုပ်သမားတွေက အလုပ်ထုတ် နစ်နာကြေးရရှိဖို့နဲ့ လုပ်သက်လျော်ကြေးကို အမြန်ဆုံးပေးဖို့ ဇူလိုင်လ ၁၆ ရက်နေ့က ဆန္ဒပြတောင်းဆိုစဉ်။ Photo: Kyaw Lwin Oo/RFA
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုံမှာရှိတဲ့ လဝန်းထက်သာ အထည်ချုပ်စက်ရုံမှာ စက်ရုံရပ်နားလိုက်တဲ့အတွက် အလုပ်လက်မဲ့ဖြစ်သွားတဲ့ အလုပ်သမား ၈၅ ယောက်က အလုပ်ထုတ်နစ်နာကြေး ရရှိဖို့နဲ့ လုပ်သက်အလိုက် လျော်ကြေးငွေရရှိဖို့ ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။

အထပ်မြင့်ကွန်ဒို ၁၆ဝ ကျော်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ က ပြန်စစ်ဆေးမည်

ရန်ကုန်မြို့က အထပ်မြင့်အဆောက်အအုံတချို့ကို တွေ့ရစဉ်။ Photo: Myo Zaw Ko/RFA
ရန်ကုန်မြို့ပေါ်မှာရှိတဲ့ အထပ်မြင့်ကွန်ဒို အလုံး ၁၆ဝ ကျော်ကို ရန်ကုန်တိုင်းအစိုးရအဖွဲ့က ပြန်စစ်ဆေး မှာဖြစ်သလို လက်ရှိဆောက်လုပ်ဆဲ အထပ်မြင့်ကွန်ဒို ၁၂ လုံးကို မူလခွင့်ပြုထားတဲ့ အထပ်အရေအတွက် ထက်လျှော့ချဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က ညွှန်ကြားထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြော ပါတယ်။

ဆေးရုံမှာ ဆရာဝန်အဖြစ် တစ်လလောက်ဟန်ဆောင်နေတဲ့ ဆယ်ကျော်သက်

အသက် ၁၇နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးသည် ဆရာဝန်ဝတ်စုံ ဝတ်ဆင်ကာ သူ့မျက်နှာတွင်လည်း ခွဲစိတ်ခန်း ဝင်သည့်အခါ တပ်ဆင်ရသည့် mask ကို တပ်ဆင်ထားပြီး

နယူးယောက်မြို့ထဲက ချစ်စရာစုံတွဲ

အားလုံးသိကြတဲ့အတိုင်းပဲ စူပါမော်ဒယ် ဂျီဂျီဟက်ဒစ်နဲ့ အဆိုကျော် ဇေန်မာလိခ်တို့ရဲ့ သာယာနေတဲ့ အတွဲပဲဖြစ်ပါတယ်။ နယူးယောက်မြို့မှာတော့ နှစ်ဦးသား ပတ်ဝန်းကျင် ဘေးဘီကို ဂရုပြုတဲ့ပုံမပေါ်ဘဲ အချစ်လမ်းတွေကို လျှောက်နေပါတယ်။

မကော်ကို အထင်မလွဲကြစေဖို့ .... နှင့် facebook ပေါ်မှ ရိုက်ခတ်သံ

အားလုံးသော, မကော်ကို, ချစ်ကြ, စိတ်ပူကြတဲ့ မိတ်ဆွေများ, ပရိတ်သတ်များ သိစေချင်လို့ပါရှင်, ကိုယ်က, အနုပညာရှင်မို့ , ဖြေရှင်းပေးရပါပြီ, မဟုတ်ရင် ညည့်သန်းခေါင်, ဒီမိန်းမဘာလုပ်လဲ? ဖြစ်မှာဆိုးလို့ပါ, ကျွန်မ, 13.7.2016. ညကရွှေတိဂုံမှာ, 10:15pm, မှ သူငယ်ချင်းတယောက်အတွက် ဆုတောင်းပေးပြီး ပြန်လာပါတယ်, နောက်Singapore Kitchen, မှာ ညီမချောစုနဲ့ , ဆုံပြီးမုံ့ စားပါတယ်, နောက်, ည11:00, ကျော်မှ ကျွန်မမိတ်ဆွေ ပွဲတခုက ညနေတည်းက ခေါ်နေတာမို့ ,မျက်နာသွားပြနှုတ်ဆက်ရင်း သီချင်း၃,ပုဒ် လောက်သွားဆိုပေးခဲ့ပြီး, အိမ်ပြန်လာ, ဆရာဝန်အသင်းတိုက်ရှေ့ ဓါတ်ဆီဆိုင်မှာ မနက်ပုလဲ, သွားမှာမို့ ဆီထုတ်ပြီး အပြန် မင်္ဂလာဈေးနှင့် ကန်တော်ကြီးပတ်လမ်းမှာ တဖက်ကား အဖြူ က,ကားက မကော်ရဲ့ကားကို ဝင်တိုက်ခဲ့တာပါ။

မားစ် ဂြိုလ်ပေါ်မှာ ဗုဒ္ဓ ဆင်းတုတော် နဲ့ သဏ္ဍာန် တူညီတဲ့ ပုံရိပ် တစ်ခုကို တွေ့ရှိ


ဗုဒ္ဓ ဆင်းတုတော် နဲ့ အသွင်သဏ္ဍာန် တူညီတဲ့ အရာတစ်ခုကို မားစ် ဂြိုလ်ပေါ်မှာ တွေ့လိုက်ရတဲ့ ဓါတ်ပုံဟာ မားစ် ဂြိုလ်ပေါ်မှာ အသိဥာဏ် မြင့်မားတဲ့ သက်ရှိတွေရှိနေတယ်ဆိုတာ သက်သေပြလိုက်နိုင်တာပဲလို့ အမည်မသိပျံသန်းပစ္စည်း(UFO) ရှာဖွေသူတွေက ပြောလိုက်ပါတယ်။

ငါးတွေကို ဘရာစီယာလိုအသုံးပြုပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ခေတ်စားနေ

ကျွန်တော်တို့ အနေနဲ့တော့ လူမှုကွန်ရက်တွေပေါ်မှာ ခေတ်စားခဲ့တဲ့ ice bucket challenge , Belfies စတဲ့ flame တွေနဲ့ အတော်လေးကို ရင်းနှီးခဲ့ကြပါတယ်။

တူရကီ စစ်တပ်က အာဏာသိမ်းလိုက်ပြီ ကြေညာ

အစ္စတန်ဘူမြို့ မှာ စစ်ကားတွေ က တံတားတွေ ကို ပိတ်ဆို့
တူရကီ စစ်တပ် က သူတို့ နိုင်ငံရဲ့အာဏာ ကို သိမ်းလိုက်ပြီ ဆိုတဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ကောက်စိုက်သမ (၁၆)ဦးတင်ဆောင်လာတဲ့ သုံးဘီးယာဉ်နှင့် ၁၂ ဘီးယာဉ်တိုက်မှု ဖြစ်ပွား ကောက်စိုက်သမ (၇)ဦး သေဆုံး၊ ကျန်ကောက်စိုက်သမတွေ ဒဏ်ရာပြင်းထန် (စိုးရိမ်ရ)

သုံးဘီးယာဉ်နှင့် ၁၂ ဘီးယာဉ်တိုက်မှု ဖြစ်ပွား

ကျောက်တံခါး ဇူလိုင် ၁၂

ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် ဇူလိုင် (၁၂)ရက် နံနက် (၇း၂၀)အချိန်၌ ဂနက်အုပ်စု၊ နွန်းနီးရားကျေးရွာအနီး ရန်ကုန်-မန္တလေး(လမ်းဟောင်း) မိုင်တိုင် အမှတ် (၁၁၃/ ၁)နှင့် (၁၁၃/၂)အကြား မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ပါရာကပ် (ခ) ဘာဂျာ (၂၉)နှစ် (ဘ) ဦးပရင်ကျန်း ဘာဘူ ကုန်းကျေးရွာနေသူ မောင်းနှင်ပြီး

ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်လို့ ဦးဝီရသူ စွပ်စွဲ

အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး မဘသ အဖွဲ့ခေါင်းဆောင် ဆရာတော် ဦးဝီရသူက နိုင်ငံတော် အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်အဖြစ် စွပ်စွဲလိုက်ပြီး၊ အရပ်သား အစိုးရသစ်ဟာ မဘသ အဖွဲ့ကို ဖျက်ဆီးဖို့ ကြိုးစားနေကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

အာဇာနည်နေ့ အခမ်းအနားကို အသုဘ အခမ်းအနားလို့ ပြောပြီး သူတို့ ကျောင်းထဲ အမင်္ဂလာ အခမ်းအနား လာမလုပ်ကြဖို့ ကန့်ကွက်ကြတဲ့ ကျောင်းဆရာမသုံးဦး နှင့် facebook ပေါ်မှ ရိုက်ခတ်သံ

ဓါတ်ပုံ - Ei Ei Swe (Facebook)

 မွန် ပြည်နယ် ဘီးလင်း မြို့ မှာ အာဇာနည်နေ့  အခမ်းအနားကို အထက - ဘီးလင်းမှ ကျောင်းဆရာမ (၃)ဦးက အသုဘ အခမ်းအနားလို့ ပြောပြီး အမင်္ဂလာ အခမ်းအနား ငါတို့ ကျောင်းမှာ လုပ်ခွင့်မပြုနိုင်ဘူးလို့ တခြား ကျောင်းဆရာမ (၄၀)နဲ့ အတူ ကန့် ကွက်ထားကြောင်း သိရပါတယ်။

အမျိုးသမီးတွေကို လိမ်ညာ လက်ထပ်ခဲ့တဲ့ ဗိုလ်မှူး

16July 2016

ထိုင်းနိုင်ငံ နုံထဘူရီ က Bang Nam မြို့ နယ်အတွင်းမှာ ဗိုလ်မှူး ဖါခင် ကျကဘတ် ဆိုသူနေထိုင်နေတဲ့ တိုက်ခန်းကို ထိုင်းတပ်ရင်းအမှတ်(၇)နဲ့  ရဲတပ်ဖွဲ့ ဝင်တွေက ၀င်ရောက် ရှာဖွေဖမ်းဆီးခဲ့ကြောင်းသိရပါတယ်။

စေတမန် ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၂ ဦးသေဆုံး၊ ၂၅ ဦး ဒဏ်ရာရ

ရန်ကုန်မှ တောင်ငူသို့ ထွက်ခွာလာသော စေတမန် ခရီးသည်တင် ယာဉ်တစ်စီး ဇူလိုင်လ ၁၅ ရက်နေ့ ည ၁၀ နာရီခန့် က ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၉၇ အနီး တိမ်းမှောက်ရာမှ ခရီးသည်နှစ်ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

30 DAYS STATS ငြိမ်းချမ်းရေး ကော်မရှင် စတင်တွေ့ဆုံ

 ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း
မကြာသေးခင် ရက်ပိုင်းကမှ ဖွဲ့စည်းလိုက်တဲ့ ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ ပထမဆုံး အကြိမ် အစည်းအဝေး ကို ကျင်းပခဲ့ပါတယ် ။

အဖွဲ့ဝင် ၆ ဦးပါတဲ့ ငြိမ်းချမ်းရေး ကော်မရှင်ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အဓိကဦးဆောင်မယ့် အဖွဲ့ဖြစ်ပါတယ် ။