Sunday, October 18, 2015

ထိုးသမျှစက် အကုန်ကြွသွားမယ့် USB Stick တီထွင်အောင်မြင်


Laptop ကအစ TV အထိ ဘာကိုမဆိုသတ်နိုင်တဲ့ Gadget Killer ထွက်ပေါ်လို့လာပါပြီ။ ထိုးလိုက်တာနဲ့ စက်ထဲကဆားကစ်အားလုံးကို ကြွသွားစေမယ့် USB stick တစ်ခုကို ရုရှား ဟက်ကာတွေ တီထွင်ခဲ့ပါတယ်။ ဒီ USB interface ရဲ့ signal lines တွေကတဆင့်
၂၂၀ဗို့ဗ်ကို ပေးပို့ပြီး ထိုးလိုက်တဲ့စက်ကို ဘယ်လိုမှသုံးမရနိုင်တော့အောင် ဖြစ်သွားစေပါတယ်။

‘Dark Purple’ လို့လူသိများတဲ့ ရုရှား လုံခြုံရေးသုတေသီက ဒီလို USB တစ်ခုကို သူ့ရဲ့ Laptop မှာ ထိုးပြီး အစမ်းသရုပ်ပြခဲ့ပါတယ်။ ထိုးလိုက်တဲ့အခါ Laptop ရဲ့ဆားကစ်စနစ်ကို ဒုက္ခပေးပြီး လုံးဝသုံးလို့မရတော့အောင် ဖြစ်သွားပါတယ်။ USB Stick ကတော့ အကောင်းအတိုင်းကျန်ခဲ့ပေမဲ့၊ Motherboard ကိုတော့ အသစ်လဲလိုက်ရပါတယ်။

Hard Disk ကတော့ ဘာမှဖြစ်သွားပုံမရဘူးလို့ ထင်ပါတယ်။ ဒါကြောင့် Drive ထဲမှာရှိတဲ့ ဒေတာတွေကို ရယူသုံးစွဲနိုင်ပါသေးတယ်။

USB ပေါက်ပါတဲ့ စက်မှန်သမျှအတွက်တော့ ဒါဟာ အန္တရာယ်ပါပဲ။ အသုံးပြုသူတွေအနေနဲ့ ကိုယ်မသိတဲ့ USB တွေကို ကိုယ့်ရဲ့စက်တွေမှာ ဘယ်တော့မှ မထိုးသင့်ဘူးလို့ ကျွမ်းကျင်ပညာရှင်တွေက အကြံပေးလိုက်ပါတယ်။

ဒီ USB Stick ကို ဖန်တီးခဲ့တဲ့သူတွေက ရောင်းမှာလည်းမဟုတ်သလို၊ သုံးမှာလည်းမဟုတ်ပါဘူးတဲ့။ ရှိထားရင်တော့မိုက်တယ်၊ ဒါပေမဲ့ ထိုးပြီးသုံးလို့မှမရတာ၊ အက်တမ်ဗုံးတစ်လုံးလိုပါပဲ။

( Skyler )
credit:http://www.technology.thithtoolwin.com

No comments:

Post a Comment