(မီလန်၊ ဇွန် ၂၉)
အီတလီနိုင်ငံ မီလန်မြို့တွင် ပြီးခဲ့သည့် စနေနေ့က တစ်မိုင်ခန့် ရှည်လျားသည့် ပီဇာမုန့် တစ်ခုကို စားဖိုမှူး အယောက် ၆ဝ ကျော်က စုပေါင်းကာ ပြုလုပ်ခဲ့ပြီး ဂင်းနစ် မှတ်တမ်းဝင်ခဲ့သည်။
ဂျုံမှုန့် ၁ ဒသမ ၇ တန်၊ အီ တလီချိစ် ၁ ဒသမ ၅ တန်နှင့် ခရမ်းချဉ်သီးဆော့စ် ၂ တန်တို့ကို အသုံးပြုကာ အလျား ၁ ဒသမ ၅၉၅၄၅ ကီလို မီတာ ရှိသည့် ပီဇာ မုန့်ကို မီးဖိုပေါင်း ငါးခုဖြင့် ဖုတ်ခဲ့ သည်ဟု ဆိုသည်။
အီတလီနိုင်ငံ မီလန်မြို့တွင် ပြုလုပ်သည့် Milan’s Expo 2015 ကုန်စည်ပြပွဲမှာ မေလ ၁ ရက်နေ့ မှ စတင်ကာ အောက်တိုဘာလ ၃၁ ရက်နေ့ အထိ ဖြစ်ပြီး Milan Universal Exposition ဟု အမည် ပေးထားသည်။ အဆိုပါ ကုန်စည် ပြပွဲတွင် အစားအစာနှင့် ဆက် စပ် သော နည်းပညာများ၊ တီထွင် ဆန်းသစ်မှုများ၊ ယဉ်ကျေးမှုများ နှင့် ရိုးရာ ဓလေ့ ထုံးတမ်းများကို တီထွင် ဖန်တီး ပြသကြသည်။
အဆိုပါပြပွဲတွင် ပြုလုပ်ခဲ့ သည့် ယင်းပီဇာမှာ ၁၈ နာရီ ကြာ အောင် ဖုတ်ခဲ့ရပြီးနောက် ဂင်းနစ် ကမ္ဘာ့မှတ်တမ်းက ”ကမ္ဘာ့အရှည် လျားဆုံး ပီဇာမုန့်” အဖြစ် အတည် ပြု မှတ်တမ်း တင်ခဲ့သည်ဟု သိရ သည်။
KTZO
Ref:Mashable
Credit: www.popularmyanmar.com
No comments:
Post a Comment