Sunday, October 18, 2015

‎ANDRIODဖုန်းတွေဘာကြောင့်လေးလံနှေးကွေးနေရသလဲ‬


ဒီလိုနှေးကွေးလာရင်ဘယ်လိုလုပ်ဆောင်သင့်သလဲ
ဒီလိုမေးခွန်းတွေဟာAndriodဖုန်းကိုင်သူတိုင်းကြုံဖူးကြသလိုAndriodဖုန်းကိုင်သူတိုင်းလည်းသိထားသင့်ပါတယ်
အရင်ဆုံးအနေနဲ့ Memory Stroageအကြောင်းလေးကိုပြောပြချင်ပါတယ်။
Memory storage လို့ပြောလိုက်ရင် အရင်ဆုံးအလွယ်ပြေးမြင်လို့ရတာ SD Card ပါ။ တကယ်တော့ SD Card ဆိုတာ Memory Stroageလို့ပြောလို့ရပေမဲ့ ဖုန်းရဲ့ ROM ပိုင်း System ပိုင်း တွေနဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပါဘူး။
အပိုထည့်သွင်းထားတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ ပိုပြီးမြင်သာသွားအောင်ပြောရရင် SD Cardမပါလဲဖုန်းဟာဆက်ပြီးအလုပ်လုပ်နေဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အခုလက်ရှိသုံးနေကြတဲ့ဖုန်းတွေဟာဖုန်းထုတ်လုပ်တည်းကပါတဲ့ Bulit in memory(ဖုန်းထဲမှာပါလာတဲ့memory) ပါဝင်ပါ တယ်။ အဲဒီ Build in memory ပေါ်မှာသာ ROMကိုတင်ပြီးအသုံးပြုနေရခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် ဖုန်းဝယ်သူတော်တော်များများဟာ SD Cardဘယ်လောက်စိုက်လို့ရလဲဘယ်လောက်ပါလဲဆိုတာကိုပဲ ကြည့်လေ့ရှိကြပါတယ်။
Build in memory ဘယ်လောက်ပါလဲဆိုတာကို ကြည့်လေ့မရှိကြပါဘူး။ ဒီတော့ အဲဒီ Build in memory ပေါ်မှာ ROM တင်ထားတာဖြစ်တယ်ဆိုတာသိရင်ဖုန်းဘာကြောင့်လေးရလဲဆိုတာကိုအလွယ်ပြောလို့ ရပါပြီ။ အဲဒီ Build in memory ပြည့်လုနီးနီး ဖြစ်သွားတာ (သို့) အဲဒီထဲက File တွေ ရှုပ်ထွေးနေတာလို့ ပြောရင်ရပါပြီ။ ဥပမာ - Build in memory 1 GB ပါတဲ့ ဖုန်းကို ၀ယ်လိုက်တယ်ဆိုပါစို့ ၊ တင်ထားတဲ့ ROM က တ၀က်ကျော်ကျော်လောက်ကို ကျိမ်းသေနေရာယူပါတယ်။ ပြောရရင် ဖုန်းရဲ့ Build in memory က ၀ယ်ကတည်းက တ၀က်ကျော်ကျော် သုံးထားပြီးသား ဖြစ်ပါတယ်။ အဲဒီ နောက်မှာဆက်ပြီးသုံးမယ်ဆို ပြည့်ပြည့်သွားခြင်း၊ ရှုပ်ထွေးခြင်းတွေ ဖြစ်သွားတဲ့အ တွက် ဖုန်းတွေ လေးလံနှေးကွေးရခြင်း ဖြစ်ပါတယ်။
နောက်ထပ်ဖြစ်လာမဲ့ မေးခွန်းတစ်ခုကတော့ ဘာကြောင့် Built in memory ကပြည့် သွားရတာလဲဆိုတာပါ။ ဒါကတော့ အမျိုးမျိုး ဖြစ်နိုင်ပေမဲ့ အကြမ်းဖြင့်အားဖြင့် အောက် ပါအချက်များကြောင့် အဖြစ်များလေ့ရှိပါတယ်။
1.Application တွေ ခဏခဏတင်ခြင်း၊ ဖျက်ခြင်း Built in memory ထဲမှာသို လှောင် ထားတဲ့ အပိုင်းမှာ App တွေတင်ရင် ကိုယ်မသိလိုက်ဘဲအလိုအလျောက် နောက်ကွယ် Build in memory ထဲမှာ Data File တွေဖွင့်သွားတတ်ပါတယ်။ တစ်ချို့ App တွေဆို ရင် Uninstall ပြန်လုပ်ပေမယ့်လည်းဆက်ပြီးတော့ Data တွေကျန်ခဲ့ တာမျိုးရှိပါတယ်။ (SD Card ထဲကို Install လုပ်ထားတဲ့ App တွေဆိုရင်တော့ ပြဿနာရှိမှာမဟုတ် ပါဘူး)
2.Gameဆော့များခြင်းကကိုယ်ရဲ့ဆော့လက်စဂိမ်းတွေကဘယ်အခန်းရောက်ပြီ၊ ဘယ်အချိန် က နောက်ဆုံးဆော့ထားတာစတဲ့ အချက်အလက်တွေကို ဘယ်နေရာမှာသိမ်းထားတယ်ထင်လဲ။ စဉ်းစား ကြည့်လိုက်ပါ။ Game တစ်ခုကိုထည့်ရင် 1 MB ရှိတယ်ဆိုပါစို့၊ ဒါဟာ လုံးဝ မဆော့ရသေးခင် အချိန်မှာပါ။ ဆော့ပြီးသွားရင်တော့ ဆော့ လက်စအခန်းတွေ ပုံတွေ ဒါတွေကိုသက်သက်သိမ်းထားရတဲ့ Data File တွေထပ်တိုး လာပါတယ်။ ဒါကြောင့် Built in memory မှာပိုများပြီးကျပ်ညပ်လာတတ်တာမျိုးလဲ ဖြစ်တတ်ပါတယ်။
အပေါ်ကအချက်တွေကိုဖြေရှင်းမဲ့နည်းကတော့ SD Card သုံးထားရင် သက်သာစေပါတယ်။ မိမိဆော့တဲ့ Game File တွေ တင်ထားတဲ့ App တွေ စသည့် Data တွေကို SD Card ထဲမှာရွေ့ပြီးသိမ်းလိုက်မယ်ဆိုရင် Built in memory အသုံးပြုခြင်းလျော့နည်းစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ App တွေဟာ Built in me mory ကလွဲရင် SD Card ထဲကိုရွေ့ပြောင်းခြင်းခွင့်မပြုပါဘူး။
4.နောက်တစ်ချက်ကကျွန်တော်တို့တွေဆော့ဖ်ဝဲတွေသုံးပြီးရင်Ramတွေမပိတ်ကြတာများပါတယ် ဥပမာ။ကျွန်တော်တို့facebookသုံးတယ်Viberသုံးတယ်gameဆော့တယ်ဆော့ဖ်ဝဲလ်တစ်ခုကနေတစ်ခုကိုပြောင်းပေမယ့်အဲ့ဒီဆော့ဖ်ဝဲလ်တွေကိုမပိတ်ကြပါဘူး အဲ့ဒီအတွက်ကြောင့်ဆော့ဝဲတွေကမိမိစိတ်ထဲမှာပိတ်ထားတယ်လို့ထင်ကြသော်လည်းသူတို့တွေကဖုန်းနောက်မှာအလုပ်လုပ်နေကြပါတယ် ဆော့ဖ်ဝဲတွေကအမြဲတမ်းအလုပ်လုပ်ရတဲ့အခါကြာလာတော့ဖုန်းရဲ့စွမ်းဆောင်ရည်ကျဆင်းစေပါတယ် ထို့ကြောင့်ဆော့ဖ်ဝဲလ်တွေအသုံးပြုပြီးတိုင်ပိတ်သင့်ပါတယ် ဆော့ဖ်ဝဲလ်တွေဘယ်လိုပိတ်ကြမလဲဆိုရင်ဖုန်းတစ်လုံးနဲ့တစ်လုံးတော့မတူညီကြပါဘူး တစ်ချို့ဖုန်းကတော့Home Keyတစ်ချို့ဖုန်းကတော့Recent Key(home keyဘးမှာရှိသောbackမဟုတ်သောkey)စတဲ့သက်ဆိုင်ရာkeyများကိုဖိထားလိုက်လျှင်အလုပ်လုပ်နေသောappတွေပေါ်လာပါလိမ့်မယ် သူတို့ကိုdeleteလုပ်ပါသို့မဟုတ်ဖယ်ရှားပေးလိုက်ပါ့
‪#‎အဓိကအချက်အနေနဲ့မိမိဖုန်းလေးလံလာပြီဆိုရင်‬(သို့မဟုတ်)မိမိဖုန်းအမြဲတမ်းသွက်လက်နေရန်
1.မိမိဖုန်းတွင်Clean master apkလိုမျိုးဖုန်းသန့်ရှင်းရေးလုပ်နိုင်သောဆော့ဖ်ဝဲလ်တစ်ခုဖြင့်အမြဲတမ်းအမှိုက်ရှင်းပေးပါ
2.ဘက္တရီကိုအမြဲတမ်3း0%အထက်ရှိပါစေ
3.ဖုန်းအားသွင်းထားတဲ့အချိန်ဖုန်းမသုံးပါနှင့်
4.ဖုန်းပူလာလျှင်(သို့မဟုတ်)ဖုန်းလေးလာလျှင်မိမိဖုန်းကိုrestartချပေးပါ
5.ဖုန်းကိုသုံးပြီးသွားတိုင်းRamပိတ်ပါ(ပိတ်နည်းကိုအပေါ်မှာပြောပြီး)
6.အိပ်ချိန်ဖုန်းမသုံးဖြစ်သောအခါpowerပိတ်ပါ(သို့မဟုတ်)flight modeပိတ်ပါ့
7. Build in memory ဘယ်လောက်ကျန်သေး လဲ ဆိုတာကို အမြဲတမ်းစစ်ကြည့်ပါ။ Setting>>> App အောက်မှာ ၀င်ရောက် ကြည့်ရင် တွေ့ရပါလိမ့်မည်။ App ထဲမှာ MB အများဆုံးတွေကို Clear Cacheလုပ်ပါ။မလိုအပ်တဲ့ဆော့ဖ်ဝဲလ်အမြဲတမ်းမသုံးတဲ့ဆော့ဖ်ဝဲလ်တွေကိုဖျက်ပါ
ဖုန်းမန်မိုရီထဲမှာရှိသောdata file, video,app, photoစတာတွေကိုsd cardမှာထားပါ
8.မိမိဖုန်းကိုဖုန်းအခြေအနေမိမိအသုံးးပြုမှုပေါ်မူတည်ပြီးreset(ဖုန်းဆေး)ချပေးပါ resetမချခင်မိမိဖုန်းထဲမှာရှိသောအရေးကြီးသည့်data,contact listများကိုback upလုပ်ထားပါ
အခုပြောတဲ့အချက်တွေကိုပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင်မိမိတို့ဖုန်းမှာHardware ပြစ်ချက်မရှိခဲ့ဘူးဆိုရင်ဖုန်းဟာအမြဲတမ်းသွက်လက်နေမှာပါ
ကျွန်တောအခုပြောပြတာနည်းပညာအကြောင်းအခုမှလေ့လာနေတဲ့ညီငယ်ညီမငယ်များအတွက်ပါ သိပြီးတတ်ပြီးတော်ပြီးသားဆရာများအတွက်မဟုတ်ပါ
နည်းပညာချစ်သောညီငယ်ညီမငယ်တို့နည်းပညာဗဟုသုတတိုးနိုင်ကြပါစေ
မတောက်တခေါက်ပညာလေးဖြင့်ပြန်လည်မျှဝေမိပါသည်
ကိုခန့်

No comments:

Post a Comment