Monday, October 19, 2015

အထည်ဆိုင်ပြီးရင် Hot Pot ဆိုင်ဖွင့်ဖို့ စဉ်းစားထားတယ် -ဖြိုးသီရိခေတ်

Q. ပိုးထည်ဆိုင်ဖွင့်ဖြစ်ပုံက..
A. စီးပွားရေးလုပ်တော့မယ်ဆို တော့ အလှအပနဲ့ဆိုင်တာလေးကို စဉ်းစားမိတယ်။ မိန်းကလေးလည်း ဖြစ်တာကြောင့် 
ပိုးထည်ဆိုင်လေးဖွင့်ဖို့စဉ်းစားမိတာပါ။
Q. အလှအပလုပ်ငန်းတွေထဲမှာမှ ပိုးထည်ကိုရွေးဖွင့်ဖြစ်တာက။


A. ပိုးထည်တို့၊ ဇာတို့ကို Trend တစ်ခုအနေနဲ့ သွားချင်တယ်။ ပွဲထိုင်ဇာကို ပြင်သစ်၊ ထိုင်း၊ ဟောင်ကောင်တို့ကနေ hight quality ပွဲတက်မျိုးကို ရွေးဖြစ်တယ်။ Cosmetic ပစ္စည်းဆိုတာ ကိုယ်တိုင် သုံးပေမယ့် ကျယ်ပြန့်တယ်။ Beauty Saloon ဖွင့်ဖို့ကလည်း ကိုယ်တိုင်တတ်ကျွမ်းဦးမှလေ။ ဖြိုးက အ၀တ်အထည်အိမ်ခြံမြေနဲ့ အကျိုး ပေးတယ်။ အရင်က အိမ်ခြံမြေလုပ်တယ်။ အခုက ဈေးကျနေတာကြောင့် အ၀တ်အထည်ဘက် ပြောင်းလုပ်တာပါ။
Q. အနုပညာရှင်တွေက ပိုး ထည်ဆိုင်တွေပဲ ဖွင့်လာကြတာ ဘာကြောင့်လဲ။
A. ပိုးထည်ဆိုင်ဖွင့်ပြီဆို အမရပူရကလို့ ပြေးမြင်ကြတယ်။ ခေတ်က ပြောင်းလာပြီ ပိုးထည်ဆို အမရပူရကပဲမဟုတ်တော့ဘူး။ လက်ရက်ကန်းနဲ့တင်မဟုတ်ဘူး။ စက်ရက် ကန်းနဲ့ပါ လုပ်လာကြပြီ။ မြန်မာ မိန်းကလေးအများစုကလည်း မြန်မာဝတ်စုံကို ဒီဇိုင်းဆန်းဆန်းလေး တွေနဲ့ ၀တ်လာကြတယ်။ အနောက်တိုင်းက ဇာနဲ့ အမရပူရက ပိုးထည် တွေတွဲပြီး ဆိုင်မှာလည်း တင်မယ်။ စက်ရက်ကန်းရော လက်ရက်ကန်း ပါတွဲပြီး အနုပညာကို ပြချင်တာ ကြောင့်လို့ ထင်ပါတယ်။
Q. စီးပွားရေးပဲအခြေချတော့ မလား။
A. အနုပညာကို လုပ်နိုင်သလောက်လုပ်ပါတယ်။ ကားရိုက်ခေါ် ရင်ရိုက်တယ်။ သီချင်းဆိုဖို့ခေါ်ရင် ဆိုတယ်။ စီးပွားတစ်ခုအပိုင်ရှိရင် အနုပညာကို စီးပွားရေးတစ်ခုလို အသည်းအသန်လုပ်စရာမလိုတော့ ဘူး။ အသစ်တွေလည်း အများကြီး ပေါ်နေပြီ။ စီးပွားရေးတစ်ခုသာ တည်ငြိမ်ရင် အနုပညာကို အေး အေးဆေးဆေးနဲ့ ရေရှည်ရပ်တည် လို့ရတယ်။
Q. ပထမဆုံးချစ်သူ MTV က ကြာဦးမှာလား။
A. နိုင်ငံခြားမှာ အင်နဲ့အားနဲ့ ရိုက်ထားပြီးတာတွေရှိတယ်။ ဆိုင်လုပ်တာကလည်း တစ်ဖက်ဆိုတော့ လေ။ ထွက်မယ်ဆိုရင် ထွက်လို့ရနေပြီ။ ဒါပေမဲ့ တစ်ခုပြီးတစ်ခုလုပ်ချင်တာကြောင့် အနုပညာက ဒုတိယ ဦးစားပေးဖြစ်သွားတာပါ။
Q. နောက်ထပ် ထပ်လုပ်ချင် သေးတဲ့ စီးပွားရေးက...
A. Hot Pot ဆိုင် ဖွင့်ချင် တယ်။ ဘူဖေးလ်ပုံစံမျိုး စဉ်းစားထားတယ်။ တစ်ယောက်တည်းလုပ်နေရ တာဆိုတော့လေ။ ရည်ရွယ်ထား တာရှိပါတယ်။
Q. ဆိုင်မှာရော တစ်ခါတည်း အပ်ထည်ပါလက်ခံပြီလား။
A. လက်တွဲခဲ့ဖူးတဲ့ ဒီဇိုင်နာတွေနဲ့ ညှိနေတုန်းပါပဲ။ ဆိုင်မှာ ကြိုက်တဲ့အစကိုဝယ်ပြီး တစ်ခါတည်း အထည်ချုပ်လို့ရအောင် စီစဉ်နေပါတယ်။ ဆိုင်ဖွင့်ပွဲအထိမ်းအမှတ် အနေနဲ့ အောက်တိုဘာ တစ်လလုံး ကို ၃၀ ရာခိုင်နှုန်းအထိ လျှော့ပေးဖို့ စဉ်းစားထားပါတယ်။ မိမိ facebook, Istagram မှာ ဆိုင် မှာဝယ်ယူတဲ့ဓာတ်ပုံတင်ပေးရုံနဲ့ ဘယ်လောက်တန်ဝယ်ဝယ် ၅ ရာခိုင်နှုန်းလျှော့ပေးပါမယ်။
Q. 8days ပရိသတ်တွေကို ပြောချင်တာက...
A. အနုပညာအလုပ်ကို မရပ် လိုက်ပါဘူး။ အခွင့်ရှိရင်ရှိသလို လုပ် သွားမှာပါ။ ဖြိုးဆိုင်လေးကိုလည်း လာပြီးအားပေးကြပါဦး။ အနုပညာ ကိုလည်း အားပေးကြပါဦး။

ရုပ်ရှင်သတင်း အနုပညာသတင်း facebook မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment