Sunday, October 25, 2015

ON THIS DAY လုပ်ဆောင်ချက်တွင် အလိုမရှိသော မှတ်တမ်းများ ပိတ်ထားရန် င်္ FACEBOOK ခွင့်ပြု


Facebookု သည် သုံးစွဲသူမြင့်တက်လာသော  ဝန်ဆောင်မှုတစ်ခုဖြစ်သည့် On This Day  ဝန်ဆောင်မှုတွင်
သုံးစွဲသူများ စိတ်ပျက်မှုဖြစ်စေခြင်းနှင့် မှတ်တမ်းတင်ခြင်း မပြုလုပ်လိုသော အကြောင်းအရာများကို  ပိတ်ထား နိုင်ရန် ခွင့်ပြုချက် ပေးလိုက်ကြောင်း သတင်းထုတ်ပြန်ထားသည်။ On  This Day လုပ်ဆောင်ချက်ကို   မတ်လအတွင်း  စတင် အသုံးပြုခွင့်ပေးခဲ့ခြင်း ဖြစ်ပြီး Facebook  အသုံးပြုသူများ   နေ့အလိုက်  မှတ်တမ်းတင်လိုသည် များကို လုပ်ဆောင်နိုင်ရန်   ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။
ယခင်က မှတ်တမ်းတင်မိသော အကြောင်းအရာများ   သို့မဟုတ်   ဆက်စပ် အချက်အလက်များကို ဖျက်ခြင်းနှင့် ပိတ်ထားခြင်း တို့  ပြုလုပ်ခွင့် မရသောကြောင့် အသုံးပြုသူများအနေဖြင့် ၎င်းတို့ မှတ်တမ်းတင်လိုခြင်းမရှိသော အချက်အလက် များကို  မြင်တွေ့ရခြင်းနှင့်  အဆိုပါ အဖြစ်အပျက်များကြောင့် စိတ်ပိုင်းဆိုင်ရာ  ထိခိုက်မှုများ ခံစားရခြင်းတို့   ဖြစ်ပေါ်ခဲ့သည်။ သုံးစွဲသူများဘက်မှ အဆိုပါ အားနည်းချက်နှင့် ပတ်သက်၍ ပြန်လည်ပြင်ဆင်ပေးရန် တောင်းဆိုမှုများ မြင့်တက်လာသောကြောင့် Facebook မှ  ယခုကဲ့သို့ ပြင်ဆင်ပေးလိုက်ခြင်းဖြစ်သည်။
Desktop ကွန်ပျူတာများတွင် အင်တာနက် Browser ဖြင့် အသုံးပြုမှုများသာမက မိုဘိုင်းလ်ဖုန်းများဖြင့်  သုံးစွဲမှုများတွင်ပါ On This Day လုပ်ဆောင်ချက်တွင်  အလိုမရှိသော မှတ်တမ်းများကို  ပိတ်ထားနိုင်မည် ဖြစ်ကြောင်း  သိရသည်။ 
credit: Myawady.com.mm

No comments:

Post a Comment