Sunday, October 18, 2015

ခြောက်လှန့်မှုအများဆုံးပါတဲ့ ရုပ်ရှင်ကားကြီးမှာ ပထမဆုံးသရုပ်ဆောင်မယ့် စံရတီမိုးမြင့်

လူသားများကိုခြောက် လှန့်ရန် တစ္ဆေတစ်ကောင်အလိုရှိ သည် ဇာတ်ကားတွင်ပါဝင်သရုပ် ဆောင်ရန် ဒါရိုက်တာညိုမင်းလွင် ကို ယုံကြည်၍ လက်ခံခဲ့ခြင်းဖြစ် ကြောင်း စံရတီမိုးမြင့်ကပြော သည်။
‘‘ကိုညိုနဲ့က ဗီဒီယိုတွေမှာဆုံ ဖူးတယ်။ ကားကြီးအနေနဲ့က ပ ထမဆုံးပဲ။ ဗီဒီယိုမှာကတည်းက ကိုယ်ယုံကြည်တဲ့ ဒါရိုက်တာတွေ ထဲမှာလည်းပါတယ်။ ကိုညို့ကို ယုံလို့ရိုက်ဖြစ်တာပါ။ ဇာတ်လမ်း ကလည်း တော်တော်ဆန်းတယ်။ နောက်ပြီး သူရိုက်တဲ့ကားတွေထဲ မှာ ခြောက်လှန့်မှုအများဆုံးပါတဲ့ ကားလို့လည်းပြောတယ်’’ဟု စံရ တီမိုးမြင့်ကပြောသည်။
ယင်းဇာတ်ကားတွင် စံရတီ မိုးမြင့်က မင်းမော်ကွန်း၏ ချစ်သူ နေရာတွင်သရုပ်ဆောင်မည်ဖြစ် ပြီး ၎င်းတို့နှင့်အတူ နိုင်းနိုင်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနှင့်သင် ဇာဝင့်ကျော်တို့ကလည်း ပါဝင်သ ရုပ်ဆောင်မည်ဖြစ်သည်။
‘‘Horror Movie အနေနဲ့ ရုပ်ရှင်ကားကြီးမှာတော့ ပထမဆုံး ပဲ။ ဗီဒီယိုအနေနဲ့ ရိုက်ထားတာ တွေတော့ရှိတယ်။ ဒီဇာတ်ကား က ဇာတ်လမ်းအနေနဲ့ရော၊ ဒါရိုက် တာရော၊ ပါဝင်တဲ့သရုပ်ဆောင် တွေအနေနဲ့ရော ပရိသတ်တွေ စိတ်ဝင်စားမယ်လို့ယုံတယ်’’ဟု ၎င်းကပြောသည်။
ယခုနှစ်အတွင်း ရုပ်ရှင်များ ပိုမိုရိုက်ကူးဖြစ်ပြီး လက်ရှိရိုက်ကူး နေသည့် ရုပ်ရှင်ဇာတ်ကားသည် လေးကားမြောက်ရုပ်ရှင်ဖြစ်သည်ဟုဆိုသည်။
စံရတီမိုးမြင့်သည်ယခုနှစ်အ တွင်း၌ ကျော်သူပြန်လည်ရိုက်ကူး ခဲ့သည့် ပရော်ဖက်ဆာဒေါက်တာ ဆိတ်ဖွား၊ ဗေလုဝခေါင်းဆောင် ပါဝင်ရိုက်ကူးထားသည့် ကြိုးဖြင့် ချည်သောဗာရာဏသီ၊ အရိုင်း ခေါင်းဆောင်ပါဝင်ရိုက်ကူးထား သည့် စားတယ်ရုပ်ရှင်ဇာတ်ကား များတွင် ပါဝင်သရုပ်ဆောင်ထား သည်။
credit: 7Day News Journal

No comments:

Post a Comment