Monday, October 19, 2015

ကိုယ်စိုက်တဲ့အပင် ကိုယ်တိုင်အဆိပ်လောင်းပြီးမသတ်ချင်ဘူး -- မိတ်ကပ်ခင်စန်းဝင်း

Q.မြန်မာသတို့သမီးဝတ်စုံတွေ ကိုယ်တိုင်ဒီဇိုင်းထုတ်သလို ပွဲတက် တွေဆိုလည်း မကြီးမြန်မာဝတ်စုံကို မြတ်မြတ်နိုးနိုးဝတ်ဆင်တာတွေ့ရ တယ်နော်။ မြန်မာဝတ်စုံတွေကိုပဲ အလွန်ဆန်းသစ်အောင်လုပ်လာကြ တဲ့ဒီဇိုင်းတွေပေါ်မှာရော မကြီးဘယ် လိုမြင်ပါလဲ။

A.လူငယ်ဆိုတာကတော့ ဖန် တီးချင်စိတ်၊ အစွမ်းပြချင်စိတ်ရှိကြ ပါတယ်။ အဲဒီလိုမျိုးမကြီးစန်း ကိုယ် တိုင်လည်း ဒီအလုပ်ကိုစလုပ်ခါစ တုန်းက အဲဒီလိုစိတ်မျိုးကြုံခဲ့ဖူး တယ်။ ဖန်တီးခဲ့တယ်။ မြင်နေကျအ ရာတစ်ခုအပေါ်မှာ မတူအောင်လုပ် လိုက်မယ်ဆိုတဲ့ သွက်လက်တဲ့ဆုံး ဖြတ်ချက်တွေနဲ့ လုပ်တာမျိုးပေါ့။ မ ကြီးစန်းခေတ်တုန်းကလည်း ရှေ့က လူကြီးတွေက ဟာခင်စန်းဝင်းက ဒါမျိုးတွေလုပ်တယ်ဆို အပြစ်ပုံချကဲ့ ရဲ့တာမျိုးရှိတာပဲ။ ဒါပေမဲ့ မကြီးစန်း ဖန်တီးတယ်ဆိုတာ စည်းနဲ့ဘောင်နဲ့ ထဲကဆန်းသစ်ခဲ့တာမျိုးပါ။ အဲဒီလို ကြောင့်လည်း မကြီးစန်းရဲ့ဆန်းသစ် တဲ့ ဒီဇိုင်းတွေထွက်လာတာပေါ့။ အ ဓိကပြောချင်တာက ကိုယ်ဖန်တီးတဲ့ ဒီဇိုင်းတစ်ခုက ကာလံ၊ ဒေသံ၊ နေရာ ဌာနမျိုးနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ ဒီဇိုင်နာ တစ်ယောက်ရဲ့ဆုံးဖြတ်ချက်က သိပ် အရေးကြီးပါတယ်။ မြန်မာဝတ်စုံလို့ အမည်ခံပြီး မြန်မာမှုမပါတာတော့ လည်း မဖြစ်သင့်ဘူးပေါ့။ ဖန်တီးသူ ကိုမကြီးအပြစ်မပြောပါဘူး။ လူငယ် ဆိုတာဖန်တီးချင်စိတ်ရှိတယ်။ အ စွမ်းပြချင်စိတ်ရှိတယ်။ ဘယ်လောက် တော်တော် ဘယ်လောက်တတ် တတ် လက်ခံတဲ့ပရိသတ်မရှိရင် အ နုပညာရှင်ပဲဖြစ်ဖြစ် ဒီဇိုင်နာပဲဖြစ်ဖြစ် ရပ်တည်လို့မရပါဘူး။
Q.Facebook ပေါ်ကစကား လုံးတိုက်ပွဲတွေကြား မကြီးစန်းဘက် မှာလူတွေအများကြီး အားပေးတဲ့အ ပေါ်မှာရော မကြီးစန်းဘာများပြော ချင်ပါလဲ။
A.အဓိကတော့ မကြီးစန်းလူ တိုင်းအပေါ်မှာ မေတ္တာထားတယ်။ ပြီးတော့ လူတိုင်းကိုဟန်မဆောင်ဘဲ စိတ်ရင်းအမှန်နဲ့ဆက်ဆံတယ်။ မ ကြီးစန်းက လူတစ်ယောက်ကို မနှစ် သက်ဘူးဆိုလည်း အဲဒီလူကိုနဂို တည်းက အဆက်စပ်မရှိအောင်နေ တယ်။ မကြီးစန်းတင်တဲ့အကြောင်း အရာမှာလည်း မိုက်ရိုင်းစော်ကား တာမပါဘူး။ ကိုယ့်ကိုလာတုံ့ပြန် လိုက်လို့သာ ကိုယ့်ဘက်ကစိတ်ဆိုး ပြီးပြောလိုက်တာမျိုးပဲရှိတယ်။ ဒါပေ မဲ့အမှန်အတိုင်းပြောရရင် မကြီးဒီ ကိစ္စနဲ့ပတ်သက်ပြီး နောင်တလည်း ရတယ်။ စိတ်မကောင်းလည်းဖြစ် တယ်။ ဘာဖြစ်လို့လည်းဆိုရင် ကိုယ့် ဘက်ကမှန်ပေသော်ငြားလည်း ဒီ ဖြစ်ပျက်တဲ့အကြောင်းအရာမှာ မကြီးဘယ်သူတစ်ဦးတစ်ယောက်ကို မှ ထိခိုက်လိုခြင်းမရှိဘူးဆိုတဲ့စိတ်က ကိုယ်အသိဆုံးပဲ။
Q.အချစ်ဆိုတာကို မကြီးစန်း ဒီအချိန်မှာ ဘယ်လိုအဓိပ္ပာယ်ဖွင့် ဆိုချင်လဲ။
A.အချစ်ဆိုတာ လူတွေအ ထင်မှာ မိန်းမလျာတစ်ယောက်ကို ချစ်တဲ့ယောက်ျားတစ်ယောက်အချစ် ကို မှားယွင်းတယ်ပြောကြတယ်။ မ ကြီးစန်းတို့လို မိန်းမလျာတစ် ယောက်ကိုချစ်တာ ချူစားချင်လို့ ၊ ခွာစား၊ လိမ်စားချင်လို့ ပိုင်းလုံးမို့လို့ Comment တွေအများကြီးရေးကြ တယ်။ မကြီးစန်းက အဲဒါလက်မခံ ဘူး။ ဒါကိုလည်း မကြီးစန်းလူတိုင်း ကိုလိုက်မရှင်းပြနိုင်ဘူး။ ကိုယ်တိုင် ထိတွေ့ခံစားတဲ့အခါမှာ အချစ်စစ် မှန်တယ်၊ အတုအပဆိုတာ ကိုယ် တိုင်ပဲသိတယ်။ ဒါကိုလည်း ရှင်းပြဖို့ ခက်တယ်။ စိတ်မကောင်းဖြစ်တယ် ဆိုတာ အဲဒီကိစ္စကိုပါ။
Q.ဒီကိစ္စဖြစ်သွားတဲ့အတွက် သူ့အပေါ်မှာ ပရိသတ်တွေအမြင် စောင်းသွားမှာမျိုးတွေ မစိုးရိမ်ဘူး လား။
A.အရမ်းစိုးရိမ်တာပေါ့။ မကြီး စိုက်တဲ့အပင်တစ်ခုကို မကြီးစန်း ကိုယ်တိုင်အဆိပ်လောင်းပြီးမသတ် ချင်ဘူး။
Q.မကြီးစန်းကိုချစ်ခင်သူတွေကို မကြီးဘာများပြောချင်ပါသေးလဲ။
A.မကြီးစန်းခုကိစ္စမှာ မကြီး စန်းကို ချစ်ခင်ကြသူတွေအများကြီး ရှိတယ်ဆိုတာ သိလိုက်ရတယ်။ မကြီးစန်းဟာ မင်းသမီးမဟုတ်ဘူး။ မိတ်ကပ်ပညာနဲ့ရပ်တည်နေတဲ့ သာ မန်အတတ်ပညာရှင်တစ်ယောက်ပဲ ဖြစ်တယ်။ မကြီးစန်းက လူတွေကို ကိုယ့်ကိုချစ်ပါဆိုပြီး အတင်းလုပ်ယူ ထားတာမျိုးလည်း မဟုတ်ဘူး။ မ ကြီးစန်းကိုချစ်ခင်သူတွေထဲမှာ ကျား မအရွယ်စုံ၊ အသိုင်းအဝိုင်းစုံကပါ တယ်။ ဒီပြဿနာဖြစ်ပြီးနောက် မ ကြီးစန်းကိုFacebook မှာလည်း လာ add ကြတယ်။ တစ်ရက်တည်း ကိုထောင်ချီရှိတယ်။ မကြီးစန်းကို ချစ်လို့ဆိုပြီး ကိုယ့်ကိုလူတွေချစ်ခင် တာအရမ်းဝမ်းသာပါတယ်။ ဒါပေမဲ့ ဖြစ်သွားတဲ့ကိစ္စကိုတော့ တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ မကြီး စန်းက မကြီးစန်းနဲ့ပတ်သက်တဲ့ သူ ငယ်ချင်းအပေါင်းအသင်းမိတ်ဆွေ အားလုံးကိုအောင်မြင်တိုးတက်စေလို တဲ့ စိတ်ဆန္ဒရှိတယ်။ နောက် မကြီး က သူ့အပေါ်ချစ်သူတစ်ယောက်လို ထက် အမတစ်ယောက်လို ချစ်ခြင်း မေတ္တာမျိုး၊ မိခင်တစ်ယောက်လို ထိန်းသိမ်းစောင့်ရှောက်မှုမျိုးနဲ့ မကြီး စန်းပတ်သက်ခဲ့တဲ့သူတစ်ယောက် မို့ မကြီးစန်းပိုခံစားရပါတယ်။
Q.ကိုယ့်ရဲ့အနာဂတ်လမ်းခရီး ကို ဘယ်လိုမျိုးစိတ်ကူးထားလဲ
A.မကြီးစန်း ဒီအလုပ်ကို ကိုယ့်ကိုလူတွေလက်ခံသလောက် လုပ်သွားမယ်။ မကြီးစန်းအသက် မွေးဝမ်းကျောင်းကလည်း ဒါပဲတက် တယ်။ မကြီးစန်း ရိုးရိုးသားသားရှာ တဲ့ငွေကြေးတွေထဲကနေ တက်နိုင် သလောက်ပရဟိတအလှူလေးတွေ လုပ်မယ်။ မကြီးစန်းငယ်ငယ်တုန်းက ပန်းချီဆွဲတယ်။ ပန်းချီပြန်ဆွဲမယ်။ နောက်စာရေးမယ်ဆိုတဲ့ စိတ်ကူးရှိ တယ်။ ဘဝမှာ မကြီးစန်းစာအုပ် အနည်းဆုံးတစ်အုပ်လောက်တော့ ရေးထုတ်နိုင်ခဲ့ဖူးတယ်ဆိုတဲ့ စာရေး ဆရာဆိုတဲ့ ဂုဏ်လေးလည်း လိုချင် တယ်။ မကြီးစန်းအတတ်ပညာကို လေးစားတဲ့ကလေးတွေကို သေချာ ဂရုစိုက်ပြီး သင်ပေးတယ်။ သူတို့ကို သင်ပေးလိုက်ခြင်းအားဖြင့် သူတို့ရဲ့ အတတ်ပညာလေးနဲ့ ရပ်တည်နိုင် တယ်ဆိုမကြီးကုသိုလ်ရတယ်။ အဲဒါ လေးကိုလည်းကျေနပ်တယ်။ မကြီး စန်းနိုင်ငံရပ်ခြား ကိုယ်မရောက်ဘူး တဲ့ဒေသတွေကို ကိုယ်တတ်နိုင်တာ လေးနဲ့ လျှောက်သွားဖို့စိတ်ကူးရှိ တယ်။ အဲဒီအချိန် ကိုယ့်ဘေးမှာရှိတဲ့ သူက ကိုယ့်ကိုချစ်ခြင်းမေတ္တာနဲ့ အစစ်အမှန်ရှိတဲ့သူက ကိုယ့်ဘေး မှာရှိမယ်လို့ မကြီးစန်းယုံကြည်ပါ တယ်။

ရုပ်ရှင်သတင်း အနုပညာသတင်း facebook မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment