Sunday, October 18, 2015

“မုန်တိုင်း အန္တရာယ်တိုင်းရေဒါ မြန်မာနိုင်ငံမှာ ပထမဆုံး တပ်ဆင် အသုံးပြုနိုင်တော့မယ်”


ဂျပန် အကူအညီနဲ့ ကျောက်ဖြူမြို့မှာ ပထမဆုံး တပ်ဆင်ပြီးသွားတဲ့ မုန်တိုင်း အန္တရာယ်တိုင်း ရေဒါစက် ပစ္စည်းများကို စတင် အသုံးပြုဖို့ ယနေ့ မှာ တရားဝင် လွှဲပြောင်းပေးခဲ့တယ် လို့သိရပါတယ် ။

အဆိုပါ စက်ပစ္စည်းမှာ မုန်တိုင်း ဝင်ရောက်လာတဲ့ မိုင် တစ်ရာလောက်က တည်းကကြိုတင် သိရှိနိုင်တယ် လို့ကျောက်ဖြူရေဒါစခန်းက တိုင်းတာရေး အင်ဂျင်နီယာတစ်ဦးကပြောပါတယ်။
အဆိုပါရေဒါ တပ်ဆင်ဖို့ တစ်နှစ်ကျော် အချိန်ယူ ခဲ့ရပြီး မြန်မာနိုင်ငံ မှာပထမဆုံးတပ်တဲ့မုန်တိုင်းအန္တရာယ်တိုင်းရေဒါလည်းဖြစ်တယ်လို့
မိုး/ဇလ မှသိရပါတယ် ။
ရေဒါရဲ့ ကုန်ကျစရိတ် ကို ဂျပန်နိုင်ငံကကျ ခံပေးတာဖြစ်ပြီး ကျောက်ဖြူ အပြင် ရန်ကုန် မိုးလေ၀သနဲ့ မန္တလေး တံတားဦး မိုးလေ၀သ စခန်း များမှာရေဒါများထပ်မံ တပ်ဆင်သွားပေးဖို့ ရှိတယ်လို့ သိရပါတယ် ။
ရေဒါသုံးလုံး ရဲ့စုစုပေါင်းကုန်ကျငွေ ကန်ဒေါ်လာ သန်း ၄၀ ဖြစ်ကြောင်း သိရပါတယ် ။
အောင်ဇော်ထူး
ဓါတ်ပုံ -ပို့ဆောင်ရေးဝန်ကြီးဌာန

No comments:

Post a Comment