Tuesday, February 16, 2016

ဘွန်ဆိုင်း နည်းပညာနှင့် Frosting နည်းပညာ ပေါင်းစပ်ထားသည့် ဂန္ဓမာ မျိုးနွယ်ဝင်ပန်းများ အရောင်းသွက်


ရန်ကုန်  ဖေဖော်ဝါရီ  ၂
ဘွန်ဆိုင်းနည်းပညာနှင့် Frosting နည်းပညာ ပေါင်းစပ်ထားသည့် မလေးရှားနိုင်ငံမှ တင်သွင်းလာသော ဂန္ဓမာမျိုးနွယ်ဝင်
ပန်းအလှပင်များကို လက်ရှိတွင် ပန်းအလှစိုက်ပျိုးသူများနှင့် Micro Landscaping ဥယျာဉ်ငယ်များအဖြစ် ဖန်တီး အလှဆင်သူများက အထူးကြိုက်နှစ်သက်ပြီး ဝယ်ယူမှုများပြား လာကြောင်း သိရသည်။
''နည်းပညာတွေပေါင်းစပ်ပြီး   ပြုလုပ်ထားတာဖြစ်လို့ ကြာရှည်ခံပါတယ်။ ဒီပန်း လေးတွေရဲ့ သဘောက  အချစ် သင်္ကေတပန်းလေးတွေဖြစ်လို့  လူငယ်တွေ အဓိက မှာယူတာများတယ်။   ရောင်းလည်း ရောင်းရတယ်။  နှစ်သက်သလို စာလုံးတွေ ဖော်နိုင်တာကြောင့်    ဝယ်လိုအားကောင်းနေပြီး  အိမ်တွင်းအလှဆင်သူတွေကလည်း ဝယ်ယူကြတာရှိပါတယ်''   ဟု Snowy Flower မှ မတင်ခန့်ခန့်ကျော်က   ပြောသည်။
အဆိုပါပန်းများမှာ ရေဖျန်းလျှင် ပန်းပွင့်ငုံသွားပြီး  ရေခြောက်လျှင်  ပြန်လည်ပွင့်လန်းလာကာ ညဘက်တွင် အဏုမြူကဲ့သို့ အလင်းရောင်ရှိကြောင်း သိရသည်။
ယင်းပန်းများကို  ဖန်ပုလင်းအတွင်းထည့်ပြီး Indoor  Plant အဖြစ် အလှဆင်မှုများ ပြုလုပ်နိုင်သကဲ့သို့ Micro  Landscaping ဥယျာဉ်ငယ်များအဖြစ် ပြုလုပ်နိုင်ကြောင်း၊  ယခုအခါ  သတို့သမီးများ၏ လက်ကိုင်ပန်းအဖြစ်ပါ   အသုံးပြုလာကြသောကြောင့်  လက်ရှိတွင်  ပန်းအလှပင် ဈေးကွက်အတွင်း လူကြိုက်များလျက် ရှိကြောင်း သိရသည်။
ယင်းပန်းများ၏ ဈေးနှုန်းများမှာ ကျပ်  ၃ဝဝဝ မှစ၍ သိန်းဂဏန်းအထိ ရှိပြီး ကျပ် ၁၅ဝဝဝ မှ ၃ဝဝဝဝ ဝန်းကျင်ရှိသော ပန်းအမျိုးအစားများမှာ  ပို၍အရောင်းသွက်လျက် ရှိကြောင်း သိရသည်။
credit:http://www.myawady.net.mm/business/item/86974-2016-02-03-09-55-53

yellow book တစ်အုပ်လုံးနီပါး တွက်လို့ရမယ် apk လေးပါ။

Download Here

Friday, January 29, 2016

ထိုင်းငါးဖမ်း​လှေသို့​ ရောင်းစားခံရ​သော မြန်​မာနိုင်​ငံသားများအား မြဝတီ လူကုန်​ကူးမှု တားဆီးရေးအဖွဲ့နှင့်​ (MAT) တို့ ချိတ်ဆက်မှုဖြင့် ကယ်​တင်​နိုင်​ခဲ့ကြောင်း သိရ

ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်ကြသည့် မြန်မာနိုင်ငံသားများအနက် ထိုင်းငါးဖမ်း​လှေသို့​ ရောင်းစားခံရ​သော မြန်​မာနိုင်​ငံသားများအား မြဝတီ လူကုန်​ကူးမှု တားဆီးရေးအဖွဲ့နှင့်​ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (MAT) အဖွဲ့ တို့ ချိတ်ဆက်မှု၊ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့တို့ ပူးပေါင်းပြီး ဇန်န၀ါရီလ ၂၇ ရက်နေ့က ကယ်​တင်​နိုင်​ခဲ့ကြောင်း မြ၀တီလူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရုံးမှ သတင်းရရှိသည်။

ဇန်န၀ါရီလ ၂၃ ရက်နေ့ အမှတ်(၁) မြ၀တီ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်ရုံး၌ ဒုရဲအုပ် အောင်လှိုင်ဝင်းနှင့် တပ်ကြပ်ကြီး အောင်မြင့်ထွန်းတို့ တာဝန်ထမ်းဆောင်နေစဉ် မင်းငယ်ဦး ဆိုသူ၏ အဒေါ် မအမွှာဆိုသူ ရောက်ရှိလာပြီး

အသုံးများသော AutoCAD Command များ


L - Line - မျဉ်းဖြောင့်တစ်ကြောင်းဆွဲခြင်း
ML - Multiline - မျဉ်းဖြောင့်၂ကြောင်းပြိုင်ဆွဲခြင်း

အခွန်ဥပဒေသစ်ကြောင့် အခွန်ရှောင်သူ များနိုင်ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၂၈
ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သော ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေသစ်တွင် ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် နှုန်းထားများကို မြင့်မားစွာ မြှင့်တင်ထားသည့်အတွက် အခွန်ရှောင်သူ ပိုမိုများပြားလာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။

ABC စတိုးဆိုင်တွင် ရမ်းကားဖျက်ဆီးခဲ့သော နိုင်ငံခြားသားကို စုံစမ်း


ရန်ကုန်၊ ဇန်နဝါရီ ၂၈
ပုဇွန်တောင်မြို့နယ်၊ အမှတ် (၁) ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ မြေညီထပ်တွင် ဖွင့်လှစ်ထားသော ABC Convenience Store ဆိုင်တွင် ဇန်နဝါရီလ ၂၆ ရက် နံနက် ၄ နာရီခွဲက ဆိုင်ဝန်ထမ်း အမျိုးသမီးနှစ်ဦး အပါအဝင် သုံးဦးကို ကိုယ်ထိလက်ရောက် ရန်ပြုကာ ဆိုင်ရှိ ပစ္စည်းများ ဖျက်ဆီးခဲ့သော

နမ့်ဆန် မြို့ တွင်းသို့ TNLA အ ဖွဲ့ မှ နှောင့် ယှက် ပစ်ခတ် မှုကြောင့် အပြစ်မဲ့ ပြည်သူ လေးဦး ဒဏ်ရာရရှိ

နေပြည်တော် ဇန်နဝါရီ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)နမ့်ဆန် မြို့တွင်းသို့ ဇန်နဝါရီ ၂၂ရက် ည ၁၂နာရီခွဲခန့်တွင် TNLA အဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့် ယှက် ပစ်ခတ်ရာ နယ်မြေခံ တပ်မတော် သားများ၏ ပြန်လည်ပစ်ခတ်မှုကြောင့် မြောက်ဘက်သို့

ရွှေတိဂုံဘုရား တောင် ဘက် မုခ် ရှိ ဓာတ် လှေ ကား ထဲ တွင် ဘုရားဖူးများ ပိတ်မိမှုဖြစ်ပွား မီးသတ် တပ်ဖွဲ့က မှန်ခွဲပြီး ကယ်ထုတ်ခဲ့ရ

ရန်ကုန် ဇန်နဝါရီ ၂၈
ရန်ကုန်မြို့ ရွှေတိဂုံဘုရား၏ တောင်ဘက်မုခ်တွင်ရှိသည့် ဓာတ်လှေကားမှာ ယနေ့ည ၈နာရီတွင် သတ်မှတ်ထားသည့် လူဦးရေ ထက်ပိုပြီး တင်ခဲ့ သောကြောင့် ဘုရားဖူးများ ပိတ်မိမှု ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့က ဓာတ်လှေကားအား မှန်ခွဲဖျက်ဆီး၍ ကယ်ထုတ် ခဲ့ရကြောင်း သိရသည်။

ချယ်လ်ဆီးကစားသမား ရာမီရက်စ် တရုတ်ကျန်းစုအသင်းသို့ ပြောင်းရွှေ့

ချယ်လ်ဆီးအသင်းမှ ဘရာဇီးလက်ရွေးစင်ကွင်းလယ်လူ ရာမီရက်စ်သည် တရုတ်စူပါလိဂ် ကျန်းစုဆူနင်းအသင်းသို့ အပြီးပြောင်းရွှေ့သွားခဲ့ကြောင်း ချယ်လ်ဆီးအသင်းက အတည်ပြု ပြောကြားသည်။

လူတွေလိင်ဆက်ဆံမှုကို ၀ဘ်ကမ်တွေကတဆင့် ဟက်လုပ်ပြီး နေ့တိုင်းကြည့်နေခဲ့တဲ့ နှာဗူးတစ်ယောက်

ဆိုက်ဘာဒုစရိုက်သမား ကွန်ပျူတာပညာရှင် တစ်ယောက်ဟာ လူတွေရဲ့ ၀ဘ်ကင်မရာတွေကတဆင့် သူတို့ရဲ့လိင်ဆက်ဆံမှုတွေကို တစ်နေ့ ၁၂နာရီကျော် ထိုင်ကြည့်နေခဲ့ကြောင်း အမျိုးသားပြစ်မှုအစိုးရဌာန (NCA) ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။