Wednesday, April 24, 2019

၁၈ နှစ်အတွင်း အပင် ၂သန်းကျော် စိုက်ပျိုးခဲ့တဲ့ ဇနီးမောင်နှံ

ကမ္ဘာကုလသမဂ္ဂရဲ့ ပြောကြားချက်အရ ၁၉၉၀ ခုနှစ်က စတင်ပြီး ကမ္ဘာပေါ်က စိမ်းလန်းတဲ့ တောတောင်တွေ ပျက်စီးပျောက်ဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တောင်အာဖရိကတိုက် အရွယ်အစားရှိတဲ့ တောအုပ်တွေဟာ တဖြည်းဖြည်း တောပြုန်းလာကြပါတယ်။ ဒါတွေကို ထိန်းသိမ်းဖို့အတွက် လူသားအားလုံးမှာ တာဝန်ရှိနေပါတယ်။ တောတွေ ပြုန်းလာတဲ့ အတွက် ရာသီဥတု ဖောက်ပြန်မှုတွေကို အားလုံး ကြုံတွေ့နေရတာ မျက်မြင်ပါပဲ။

မွေးနေ့မှာဆွမ်းခံကြွတဲ့ဘုန်းဘုန်းတွေကို ဆွမ်းကပ်လှူရင်း ကျက်သရေရှိစွာဖြတ်သန်းခဲ့သော မင်းသမီးချော အူဝဲရဲ့ အလှပုံရိပ်များ

မွေးနေ့မှာဆွမ်းခံကြွတဲ့ဘုန်းဘုန်းတွေကို ဆွမ်းကပ်လှူရင်း ကျက်သရေရှိစွာဖြတ်သန်းခဲ့သော မင်းသမီးချော အူဝဲရဲ့ အလှပုံရိပ်များ

Tuesday, December 4, 2018

Myanmar Online Library: Engineering ဆိုင္ရာစာအုပ္မ်ား

Myanmar Online Library: Engineering ဆိုင်ရာစာအုပ်များ: ဦးကိုကိုလေး-လျှပ်စစ်အင်ဂျင်နီယာလက်စွဲ  Download လျှပ်စစ်မော်တာပြုပြင်နည်းနှင့်  ထိန်းသိမ်းမောင်းနှင်နည်း-ဦးကိုကိုကြီး   Download မြသွေး-...
ရိုက်နှက်ထားတဲ့ ဒေါ်လာငွေစက္ကူများကို စစ်ဆေးနေစဉ်
အမေရိကန်ပြည်ထောင်စုမှာ ငွေစုလက်မှတ်တွေ အတိုးနှုန်းထား အားလျော့လာတယ်ဆိုတဲ့ သတင်းနဲ့ အမေရိကန်နဲ့ တရုတ်တို့အကြား ကုန်သွယ်ရေး တင်းမာမှုအရှိန် နဲနဲလျော့လာတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ အာရှငွေကြေးဈေး ကွက်မှာ အမေရိကန်ဒေါ်လာ တန်ဖိုးဟာ ဒီနေ့ အားပျော့လာခဲ့ပါတယ်။

စင်ကာပူနိုင်ငံမှာ ဒီညနေ ဈေးကွက်ပိတ်ချိန်မှာ တဒေါ်လာကို ဂျပန်ယန်းငွေ ၁၁၃.၀၈ သာ လဲလှယ်နှုန်းရှိခဲ့ပါတယ်။

တခြားငွေကြေးဈေးကွက်တွေမှာလည်း တရုတ် ယွမ်ငွေနဲ့ တောင်ကိုရီးယား ဝမ်ငွေတို့ဈေးမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာတော့ ဒီညနေ ရန်ကုန်မြို့ ကမ္ဘောဇဘဏ် ဈေးကွက်ပိတ်ချိန်မှာ မြန်မာကျပ်ငွေ လဲလှယ်နှုန်းကတော့  အမေရိကန် တဒေါ်လာ ကို

Monday, July 10, 2017

အလောင်းတော်ကဿ ပယျာဉ်အတွင်းမှ သစ်များကို နွားအရှဉ်း ၂၀ဖြင့် ခိုးထုတ်သူများအား ဖမ်းမိ



မုံရွာ၊ ဇူလိုင် ၁၀။

အာဆီယံအမွေအနှစ်စာရင်းဝင် ဒေသဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင် အလောင်းတော်ကကဿ ပ အမျိုးသားဥယျာဉ် သစ်တောကြိုးဝိုင်းအတွင်းမှ သစ်များကို နွားအရှဉ်း ၂၀ ဖြင့် ခိုးထုတ်သူများအား ဇူလိုင် ၈ ရက်နေ့ ည ၁၁ နာရီက ဖမ်းမိခဲ့ကြောင်း ကနီရဲစခန်းမှ သတင်းရရှိသည်။

Sunday, July 24, 2016

ညအချိန်မတော် လိုင်းကားပေါ်က အမျိုးသမီးကို ဓားပြခေါ်ဆောင်မုဒိမ်းကျင့်သူကို ဖမ်းမိ


၂၀၁၆ ဇူလိုင်လ ၁၂ ရက်က နံနက်စောစော ၁း၃၀ နာရီတွင် ညီအစ်မနှစ်ဦး အလုပ်ပြီး၍ လှိုင်သာယာနေအိမ်သို့ ပြန်ရန် ရွာမကွေ့တွင်တွေ့ရှိသော အမှတ် ၁၀၀ ဒိုင်နာကားပေါ်တက်၍ စီးနင်းလိုက်ပါခဲ့သည်။ သီရိမင်္ဂလာဈေး ကားမှတ်တိုင်အရောက် ကားပေါ်သို့ အသက်(၃၀)ခန့် အသားမည်း၊ ပိန်ပိန်အမျိုးသားတဦး တက်လာသည်။

နဂါး ၃ ကောင် သယ်ဆောင်လာမည့် မောက္ကတော်ရွာဆိပ်ကမ်းမှ ဓမ္မစေတီခေါင်းလောင်းသံ


16 - 7 - 2016 တွင် မောက္ကတော်ရွာမှ ကိုမြင့်ကိုထံ သဲဖြူဆရာတော် ဦးပညာဇောတ၏ ကပ္ပိယများဖြစ်ကျသော ဦးသန်းအောင်နှင့်ဦးဘုန်းမြင့်ရှိန်တို့မှ ဓမ္မစေတီခေါင်းလောင်းကို နဂါး ၃ ကောင်မှ သယ်ဆောင်လာပြီး မောက္ကဆော်ဆိပ်ကမ်းတွင် ပေါ်မည်ဟု မိန့်ကြားသောကြောင့် မောက္ကတော်ရွာအထက်ဖက်ကပ်ရက် ကုက္ကားချောင်းနှင့် ချင်းတွင်းမြစ်ဆုံရာ ကုက္ကို ပင်အနီးတွင် ကတော့ပွဲ ၉ ပွဲစာဆင်နိုင်သော မဏ္ဍပ်ဆောက်လုပ်ပေးရန် ဖုန်းဆက်ခိုင်းစေသောကြောင့် တည်ဆောက်ပေးခဲ့ပါသည်။

မိုင်းလား၊ ဝ အဖွဲ့ တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အခု လကုန်ပိုင်း တွေ့ဖို့ရှိ

 ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ညီလာခံ အကြို ပြင်ဆင်ရေး ကော်မတီဝင် တွေ က ပြီးခဲ့တဲ့ လ တုန်းက မိုင်းလား ကို သွားခဲ့တဲ့ ခရီးစဉ် အတွင်း မှာ ကတည်းက အခုလို မိုင်းလားနဲ့ ဝ ခေါင်းဆောင် တွေ နေပြည် တော် လာဖို့ ဖိတ်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံ တော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ အထူးဒေသ ၄ မိုင်းလား အဖွဲ့ NDAA နဲ့ ဝ လက်နက်ကိုင် UWSA တို့ရဲ့ ခေါင်းဆောင် တွေ နဲ့ ဇူလိုင်လ နောက်ဆုံးပတ်ထဲ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။

သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း (၅၂) နှစ်ပြည့် အထိမ်းအမှတ်

မြန်မာ့ငြိမ်းချမ်းရေးဗိသုကာကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်း လိုလားတောင့်တ ခဲ့တဲ့ စစ်မှန်တဲ့ပြည်တွင်းငြိမ်းချမ်းရေးကို အရပ်သားစစ်စစ် အစိုးရလက်ထက်မှာ လက်တွေ့ အကောင်အထည် ဖော်ဆောင်နိုင်စေချင်တယ်လို့ ဆရာကြီးသခင် ကိုယ်တော်မှိုင်းကို လေးစားသူတွေက ပြောဆိုလိုက်ပါတယ်။

အသက် ၅၀ကျော်လင်မယား၂ဦး ထိုင်းနိုင်ငံမှာ ရောင်းစားခံရ

July 24-2016

ထိုင်းနိုင်ငံ ကမ်ချနဘူရီခရိုင်က တောထဲမှာ ရောင်းစားခံရတဲ့ အသက် ၅၀ကျော် လင်မယား ၂ဦးနဲ့အတူ ရောင်စားခံရတဲ့ လူ၎ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ က ထိုင်းလူကုန်ကူးမူ တိုက်ဖျက်ရေးအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကယ်ဆယ်ခဲ့ပါတယ် ။

ထိုင်းလေယာဉ်မယ် တစ်ဦး ကုန်တိုက်အပေါ်ထပ်မှ ခုန်ချ သေဆုံး


News update 23July2016

ဒီနေ့ မနက်ပိုင်းက ဘန်ကောက်မြို့  Lat Phrao Road လက်ဖလော လမ်းမှာရှိတဲ့ shopping Mall center ဈေးရောင်းစံ တာ ကုန်တိုက်ကြီး ရဲ့ (၇) ထပ်အမြင့် ကားရပ်နားရာ နေရာကနေ အမျိုးသမီးတဦး ခုန်ချပြီး မိမိကိုယ် အဆုံးစီရင် သွားခဲ့ကြောင်းသိရပါတယ်။

ပည်တွင်းရှိ သားရဲ တိရစ္ဆာန်များကို ပြည်ပသို့ တရားမဝင် ရောင်းချနေမှုများ ထိန်းချုပ် သွား မည်

မြန်မာနိုင်ငံ အတွင်းရှိ သားရဲ တိရစ္ဆာန်များကို ပြည်ပသို့ တရားမဝင် တင်ပို့ရောင်းချ နေမှုများ ကြောင့်
မျိုးသုဉ်းပျောက်ကွယ်မှု အန္တရာယ်ကင်းဝေးရန် ထိရောက်သော ကြပ်မတ်မှုများဖြင့် ထိန်းချုပ် ပေးသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အမြန်လမ်းပေါ်ကလူလိမ်‬ (သို့) ‎နှလုံးအထူးကုခွဲစိတ်ဆရာဝန်ကြီးအတု‬

(၂၃.၇.၂၀၁၆)

ကျွန်တော်တို့ အမြန်လမ်းပေါ်မှာ တစ်ဖက်က အကူအညီပေးနေတာကို အခွင့်ကောင်းယူပြီး လိမ်လည်မှုတစ်ခု ယနေ့ဖြစ်ပွားခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဖြူးမြို့မရဲစခန်းမှ စခန်းမှူးစံလှ၊ ဒုရဲအုပ်ဇာနည်ဇော်၊ အမြန်လမ်းတပ်ဖွဲ့မှ ရဲအုပ်သူရစိုး တို့ပူးပေါင်းပြီး အချိန်နှင့်တပြေးညီဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။

မက္ကဆီကို ပြန်ပေးဆွဲသမား နှစ်ဦးအား ထောင်ဒဏ် အနှစ် ၅၂၀ ချမှတ်

မက္ကဆီကို Heaven ဘား ပြန်ပေးဆွဲမှု အတွင်း သေဆုံးသွားသည့် လူငယ်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)
    မက္ကဆီကို စီးတီး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

    မက္ကဆီကို နိုင်ငံ တွင်ဖြစ်ပွားခဲ့သည့် ထိတ်လန့်ဖွယ်အကောင်းဆုံး ပြန်ပေးဆွဲမှုများအနက် လူသတ်ပြန်ပေးဆွဲမှု တစ်ခု တွင် ပါဝင်ခဲ့သည့် လူနှစ်ဦးအား ထောင်ဒဏ် အနှစ် ၅၂၀ ချမှတ်ခဲ့ကြောင်း မီဒီယာ တစ်ခု က ဇူလိုင် ၂၃ တွင် ဖော်ပြခဲ့သည်။

တက္ကဆက်ပြည်နယ်တွင် ပစ်ခတ်မှု ဖြစ်ပွား လေးဦးသေ၊ တစ်ဦးဒဏ်ရာရရှိ

တက္ကဆက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် သေနတ်ပစ်ခတ်မှု တစ်ခုသို့ ရဲတပ်ဖွဲ့ဝင်များရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)
    ဟူစတန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

    အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် အလယ်ပိုင်း ရှိ Bastrop မြို့ တွင် ဇူလိုင် ၂၃ ရက်က ပစ်ခတ်မှု တစ်ခု ဖြစ်ပွားခဲ့၍ လေးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Saturday, July 23, 2016

နာမည်ကျော်အနုပညာရှင်များစွာရဲ့ ညစ်ညမ်းဓာတ်ပုံတွေကို ဖောက်ထွင်းယူခဲ့တဲ့ ဟက်ကာကို အမိန့်ချမှတ်

“Celebgate” ဖြစ်စဉ်လို့ နာမည်ကျော်ခဲ့တဲ့ ဖြစ်ရပ်ကို မှတ်မိကြအုံးမယ်ထင်ပါတယ်။

“ Pokemon Go “ ကစားရင်း ချောက်ကမ်းပါးအစွန်းကနေ ပြုတ်ကျသွားသူ ၂ ဦး





Reality ဂိမ်းအမျိုးအစားဖြစ်တဲ့ Pokemon Go ကစားရင်း ကျောက်ကမ်းပါးအစွန်းကနေ လူ ၂ ယောက်ပြုတ်ကျသွားကြောင့် San Diego အာဏာပိုင်တွေက ပြောကြားထားပါတယ်။

မုံရွာလမ်းချဲ့ဖို့ ဒေသခံတွေ အငြင်းပွား

အပင်တွေခုတ်ဖို့ ထောက်ခံတဲ့ ဆိုင်းဘုတ် စိုက်ထူ
မုံရွာကနေ သာစည်ကို သွားတဲ့ ခရိုင်ချင်းဆက်လမ်းကို တိုးချဲ့ဖို့ လမ်းမပေါ်မှာ ရှိတဲ့ အရိပ်ရ အပင်ကြီးတွေကိုခုတ်ဖို့ သက်ဆိုင်ရာက စီစဉ်နေပါပြီ ။

စီးပွားရေးပြုပြင်ပြောင်းလဲဖို့ ဒီချုပ်အစိုးရ အချိန်လိုအပ်

သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုသမ္မတများ အစိုးရအဖွဲ့အစည်းအဝေးကျင်းပစဉ်။ (ဇွန် ၁၅၊ ၂၀၁၆)
NLD အစိုးရသစ်အနေနဲ့ မြန်မာပြည်ရဲ့ စီးပွားရေးကဏ္ဍကို အမှန်တကယ် ပြုပြင်ပြောင်းလဲနိုင်ဖို့အတွက် လုံ လောက်တဲ့ အချိန် အတိုင်းအတာတခုယူဖို့ လိုအပ်တယ်လို့ NLD စီးပွားရေး ကော်မတီဝင် ဦးမင်းခင်က ပြောလိုက်ပါတယ်။ NLD အစိုးရသစ် စတင်တာဝန်ယူပြီး အခုချိန်ထိ စီးပွားရေးကဏ္ဍမှာ ထူးခြားတဲ့ ပြုပြင်ပြောင်းလဲ မှု မတွေ့ရသလို နိုင်ငံအတွက် ခိုင်မာတိကျတဲ့ စီးပွားရေး မူဝါဒလမ်းစဉ်မျိုး မတွေ့ရသေးဘူးလို့ မြန်မာ့ အရေး လေ့လာသူတွေ ဝေဖန်နေကြတာပါ။ ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင် က တင်ပြထားပါတယ်။

အင်တာနက်သုံးစွဲခ လျှော့ချနိုင်ရန် Infrastructure Sharing လုပ်မည်

မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းမှ ဆွေးနွေးနေစဉ် (ဆင်ဟွာ)
    နေပြည်တော်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

    အင်တာနက် သုံးစွဲခ နှုန်းထားများကို အများလက်ခံနိုင်သည့် သင့်တင့်သော ဈေးနှုန်းသို့ လျှော့ချနိုင်ရန် အခြေခံ အဆောက်အအုံများ တည်ဆောက်ရာတွင် ဆက်စပ် ဌာနများ၊ အဖွဲ့ အစည်းများ၊ လုပ်ငန်းရှင်များအကြား မျှဝေ ဆောင်ရွက်ခြင်း (Infrastructure Sharing) ကို စတင် ဆောင်ရွက်တော့မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးသိန်းက ယနေ့ နေပြည်တော်၌ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန နှင့် A4AI (Alliance for Affordable Internet) တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ တစ်ဝှမ်း အင်တာနက် ဈေးနှုန်းချိုသာစွာ သုံးစွဲနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။