Monday, July 10, 2017

အလောင်းတော်ကဿ ပယျာဉ်အတွင်းမှ သစ်များကို နွားအရှဉ်း ၂၀ဖြင့် ခိုးထုတ်သူများအား ဖမ်းမိ



မုံရွာ၊ ဇူလိုင် ၁၀။

အာဆီယံအမွေအနှစ်စာရင်းဝင် ဒေသဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးယင်းမာပင်ခရိုင် အလောင်းတော်ကကဿ ပ အမျိုးသားဥယျာဉ် သစ်တောကြိုးဝိုင်းအတွင်းမှ သစ်များကို နွားအရှဉ်း ၂၀ ဖြင့် ခိုးထုတ်သူများအား ဇူလိုင် ၈ ရက်နေ့ ည ၁၁ နာရီက ဖမ်းမိခဲ့ကြောင်း ကနီရဲစခန်းမှ သတင်းရရှိသည်။


၎င်းသစ်ခိုးသယ်မှုကို အလောင်းတော်ကဿ ပအမျိုးသားဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်နှင့် ၀န်ထမ်းများက ပူးပေါင်းဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ပိတောက်ခွဲသားအချောင်း ၂၀ တန်ချိန် သုးံတန်ကျော်၊ ထမ်းပိုးတုံး၂၀တုံး၊ မနီလာသစ်ဆွဲကြိုး ၂၀၊ နွားအကောင် ၄၀နှင့် သစ်ခိုးထုတ်သူ တရားခံ ၂၁ ဦးကို ကနီရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၀ ရက်နေ့ကလည်း ဥယျာဉ်အတွင်း ပိတောက်သစ်များကို ခိုးထုတ်ပြီး မုံရွာ-ယာကြီး-ကလေးလမ်းအတိုင်း ဆိုင်ကယ် ၈ စင်းဖြင့် သယ်လာသော အမျိုးသား ၈ ဦးကို ဖမ်းဆီးရမိခဲ့သေးသည်။

အလောင်းတော်ကဿ ပအမျိုးသားဥယျာဉ်ကာကွယ် စောင့်ရှောက်ရေးအတွက် သစ်တောဝန်ထမ်းများကို ပြီးခဲ့သောလပိုင်းက လက်နက်တပ်ဆင်ပေးခဲ့ပြီးလ သင်တန်းများ ပို့ချထားခဲ့သည်။

အလောင်းတော်ကဿ ပဥယျာဉ်သည် ပွင့်လင်းရာသီ လေးလခန့်သာ ဘုရားဖူးဧည့်သည်များနှင့် စည်ကားလျက်ရှိပြီး မိုးရာသီတွင် လမ်းများပျက်၍ လူသူ အရောက်ပေါက်နည်းခြင်းကို အသုံးချကည သစ်ခိုးထုတ်သူများက ထုတ်ယူလေ့ရှိကြကြောင်း၊ ဥယျာဉ်အတွင်း တိရိစ္ဆာန်များကို အမဲခိုးလိုက်သတ်ဖြတ်မှုများလည်း ရှိနေကြောင်း ဒေသခံများက ဆိုသည်။

နှင်းမောင်
Central News Myanmar
https://www.facebook.com/CNMyanmar/

No comments:

Post a Comment