Sunday, July 10, 2016

အိန္ဒိယတွင် ယခုနှစ်အတွင်း ပဲတန်ချိန် သန်း ၂၀ ထွက်ရှိရန် မျှော်မှန်းထားပြီး ယခင်နှစ်ထက် ရာခိုင်နှုန်း ၂၀ ပိုမိုထွက်ရှိမည်ဖြစ်ရာ ကျန်လိုအပ်ချက်အတွက် ဈေးနှုန်းအသင့်အတင့်ဖြင့် မြန်မာအပါအ၀င် ပြည်ပနိုင်ငံများမှ ၀ယ်ယူမည်

ရာသီဥတုကြောင့် နှစ်နှစ်ကြာ ပဲထွက်နှုန်း လျော့နည်းခဲ့သော အိန္ဒိယနိုင်ငံတွင် ယခုနှစ်အတွင်း ပဲတန်ချိန် သန်း ၂၀ ထွက်ရှိရန် မျှော်မှန်းထားပြီး ယခင်နှစ်ကထက် ရာခိုင် နှုန်း ၂၀ ပိုမိုထွက်ရှိမည်ဖြစ်ရာ ကျန်ပဲလိုအပ်ချက်အတွက် ဈေးနှုန်းအသင့်အတင့်ဖြင့်သာ မြန်မာအပါအ၀င် ပြည်ပနိုင်ငံများမှ ၀ယ်ယူမည်ဖြစ်ကြောင်း အိန္ဒိယ စားနပ်ရိက္ခာနှင့် စားသုံးသူရေးရာဝန်ကြီး Ram Vilas Paswan ၏ ပြောကြားချက်ကို ကိုးကားပြီး Business Standard သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံသူတဦး မုဒိန်းကျင့် သတ်ဖြတ်ခံရမှု ကြောင့် မင်္သကာသူ မြန်မာနိုင်ငံသား နှစ်ဦးအား ရဲတပ်ဖွဲ့ က ရှာဖွေဖမ်းဆီးနေ

8July2016

ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ဘန်ဖွန်ထရင် မြို့ နယ် စကယ်ငန် ၂၆ လမ်း အတွင်း ကွင်းပြင်တခုမှာ ယနေ့ မနက်ခြောက် နာရီ က အ၀တ်အစား မပါဘဲ သေဆုံးနေသူ ထိုင်းနိုင်ငံသူတဦးကို လည်ပင်းဒါးနဲ့ လှီးသတ်ဖြတ် ထားတဲ့ ဖြတ်ရပ် နဲ့  ပါတ်သက်ပြီး မြန်မာနိုင်ငံသား နေမင်းနဲ့  သူ့ ဇနီးကို

Saturday, July 9, 2016

တောင်ဆူဒန်သမ္မတနန်းတော်၌ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး လူ ၁၁၅ ဦးသေဆုံး

ဂျူဘာ ဇူလိုင် ၉

တောင်ဆူဒန်နိုင်ငံမြို့တော် ဂျူဘာရှိ သမ္မတနန်းတော်၌ ဇူလိုင် ၈ ရက် ညနေပိုင်းက အပြင်းအထန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူ ၁၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဇူလိုင် ၉ တွင် အတည်ပြုပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦးအလိုမတူဘဲ အဓမ္မ ပြုကျင့်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်၊ အိုင်းရောင်းရွာတွင် ကျောင်းဆရာမ တစ်ဦးသည် အလိုမတူဘဲ သားမယားအဖြစ် သုံး ကြိမ် တိုင်တိုင် အဓမ္မပြုကျင့်ခံ ခဲ့ရမှုကြောင့် မိခင်ဖြစ်သူမှ တိုင်တန်း အမှုဖွင့်ထားကြောင်း သိရှိရသည်။

ယာဉ်လမ်းစည်းကမ်း ၀န်ဆောင်မှုပေးနေတဲ့ အဖွဲ့ကို မဖွယ်မရာပြုမှုသော တက္ကသိုလ်ကျောင်းသားစုံတွဲ အရေးယူခံရ

မုံရွာ၊ ဇူလိုင် ၉


စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ရွှေဇလုတ်ကျေးရွာနှင့် ရထုံကျေးရွာအကြား ကျောက္ကာလမ်းမကြီးအနီးတွင် ခရီးသွား မိဘပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ၀န်ဆောင်မှုပေးနေသောအဖွဲ့ကို ဇူလိုင် ၇ ရက်နေ့ ညနေ ၄ နာရီအချိန်က ကျောက္ကာဘက်မှ မုံရွာဘက်သို့ ဥိးတည်မောင်းနှင်လာသည့် မုံရွာတက္ကသိုလ်ကျောင်းသားစုံတွဲ ဆိုင်ကယ်တစ်စီးမှ မဖွယ်မရာပြုမှုပြောဆိုသည့်အတွက် ၎င်းအဖွဲ့က အရေးယူဆောင်ရွက်လိုက်ရကြောင်း သိရသည်။

ရခိုင်မှာ ရေကျ သွားပေမယ့် စစ်တွေ-ရန်ကုန် ကားလမ်း ပျက် ကျန်ရစ်ခဲ့


ရခိုင်မှာ စုစုပေါင်း ၄၈၇၂ ဧကကျော် ရေလွှမ်း ခံခဲ့ရပြီး လူပေါင်း ၁၄ဝဝဝ ဝန်းကျင် ရေဘေးဒဏ် ခံစား ခဲ့ရ။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ရခိုင်ပြည်နယ် ထဲ မိုးဆက်တိုက် ရွာပြီး ရေကြီး ခဲ့တဲ့ အတွက် လမ်း တံတားတွေ ပျက်စီးပြီး ကျန် နေရစ် ခဲ့ပါတယ်။

မြောက်ဦးနဲ့ မင်းပြား ကြားက တံ့တား နှစ်စင်း ကျိုး နေလို့ စစ်တွေ-ရန်ကုန် ကားလမ်းမ အသုံးပြုလို့ မရ အသွားအလာ ရပ်တန့် နေတယ် ဆိုပြီး ဒေသခံတွေက ပြောပါတယ်။

ကောလင်းသွေးလွန်တုတ်ကွေး အခြေအနေ စိုးရိမ်ဖွယ်


မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့မှာ သွေးလွန်တုပ်ကွေးရောဂါ ဆိုးရွားစွာ ဖြစ်ပေါ်နေတာကြောင့် ကလေးငယ်တဦး သေဆုံးသွားခဲ့တယ်လို့ ကောလင်းမြို့နယ် လုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတကွန်ယက် KDPN က သတင်းထုတ်ပြန်ပါတယ်။

Tuesday, July 5, 2016

အ​ကြွေးမရသဖြင့်​လယ်​စာရင်းဌားက​လေးများအားနှိပ်​စက်​သူ


အကြွေးတောင်း၍မရ ခြင်းကြောင့်     လယ်ပိုင်ရှင်က လယ်စာရင်းငှား၏ ကလေးနှစ်ဦး ကို ခေါ်ဆောင်ပြီး တစ်ဦးကို သံ ကြိုးဖြင့်ချည်ကာ အခြားတစ်ဦး ကို မြစ်အတွင်း ပစ်ချနှိပ်စက်ခဲ့ သည့်အမှုကို မော်လမြိုင်ကျွန်း မြို့နယ် တရားရုံး၌ ယခုလ ၇ ရက်တွင် တတိယအကြိမ် ရုံး ထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းအမှုသည် မေလ ၁၁ ရက်က ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နယ် ကြက် လျှာကျေးရွာအုပ်စု မာလိန်ရွာ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြွေး မဆပ်နိုင်သဖြင့် နေအိမ်အတွင်း ကျန်ရှိနေသည့် ကလေးငယ်နှစ်ဦး ကို နှိပ်စက်ခဲ့သောအမှုဖြစ်သည်။

‘‘ဖြစ်စဉ်ကတော့    မှန်ပါ တယ်။ ပြစ်မှုကျူးလွန်သူတွေကို ဖမ်းဆီးပြီး တရားရုံးကို တရားစွဲ ဆိုတင်ပို့ထားပါတယ်။ တရားရုံး ကတော့ အာမခံပေးလို့ရတဲ့အမှု ဖြစ်တဲ့အတွက် အာမခံပေးထား ပါတယ်။ ရုံးချိန်းကတော့ နှစ်ပတ် ပြီးပါပြီ’’ဟု မြတ်သာနယ်မြေရဲ စခန်းမှ ရဲအရာရှိတစ်ဦးကပြော သည်။

အကြွေးမဆပ်နိုင်သဖြင့် ဇေ ထက်နိုင် အသက် (၈) နှစ် ပထမ တန်းကျောင်းသားကို လည်ပင်း တွင် သံကြိုးဖြင့်ချည်ကာ နှိပ်စက် ခဲ့ပြီး အသက် (၅) နှစ်အရွယ် သူငယ်တန်းကျောင်းသား မောင် မျိုးသန့်ကို တံတားပေါ်မှ မြစ်အ တွင်းသို့ ပစ်ချခဲ့ခြင်းဖြစ်သည်။

‘‘မိဘတွေမှာ အကြွေးရှိတာ က မိဘတွေနဲ့ပဲ ဆိုင်မယ်ထင်ပါ တယ်။ ကလေးတွေမှာ အပြစ်မရှိ သလို အခုလိုလုပ်တာလည်း မ ဖြစ်သင့်ပါဘူး။ နောက်ပြီးကလေး တွေက အရွယ်ငယ်ငယ်လေးတွေ ပဲရှိသေးတယ်။ တရားရုံးက အာ မခံပေးထားတာတော့ သိတယ်။ ဒီလုပ်ရပ်က လူသားဆန်တဲ့ လုပ် ရပ်မဟုတ်ဘူးလို့ ပြောချင်ပါ တယ်’’ဟု အဆိုပါကျေးရွာနေ အ မျိုးသားတစ်ဦးကပြောသည်။

ပြစ်မှုကျူးလွန်သူ ကျော်မျိုး အောင်(ခ) ကုလားလေး (၃၇)နှစ် ကို မြတ်သာနယ်မြေ ရဲစခန်းက ပြစ်မှုပုဒ်မ ၃၄၂/၃၂၃ နာကျင် စေမှု၊ ချုပ်နှောင်မှု စသည်တို့ဖြင့် မော်လမြိုင်ကျွန်းမြို့နယ်တရား ရုံးတွင် တရားစွဲဆိုထားကြောင်း သိရသည်။

Redit from 7day journal

Sunday, July 3, 2016

ဟီလာရီ ကလင်တန်ကို အီးမေးလ်ကိစ္စ FBI စစ်မေး

 သမ္မတလောင်း အဖြစ် အတည်ဖြစ်ကာနီး အချိန်မှာ FBI က စစ်မေးလာ။
အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီကို ကိုယ်စားပြုတဲ့ သမ္မတလောင်း အဖြစ် အခုလ နှောင်းပိုင်းကျရင် အတည်ပြု ခံရတော့မယ့် ဟီလာရီ ကလင်တန်ကို FBI ထောက်လှမ်းရေး အဖွဲ့က တွေ့ဆုံ မေးမြန်းတာတွေ ပြုလုပ် ခဲ့ပါတယ်။

Messenger မှာ ဘောလုံးဂိမ်းကစားနိုင်ပြီ

အရင်ကတော့ Messenger မှာ စစ်တုရင်ထိုးတာနဲ့ ဘတ်စကတ်ဘောကစားတာတွေကို လျို့ဝှက်ထည့်သွင်းထားခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ဆုံး ဗားရှင်းမှာတော့ ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲကို ဂုဏ်ပြုတဲ့အနေနဲ့ ထည့်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။