ကမ္ဘာကျော် ဟက်ကာ အဖွဲ့ဖြစ်တဲ့ Anonymous ဟာ ISIS အဖွဲ့ဝင် တပ်သားစုဆောင်း စည်းရုံးရေးသမားတွေရဲ့ အမည်နဲ့ လိပ်စာတွေကို စတင်ဖော်ထုတ်ပြလိုက်ပါပြီ။
နေ့စဉ်နောက်ဆုံးရရှိသော ပြည်တွင်းသတင်း၊နိုင်ငံတကာသတင်း၊အားကစားသတင်း ၊နည်းပညာသတင်းများနှင့် ဗဟုသုတစာစုများ အားအချိန်နှင့်တပြေးညီ သိရှိစေရန်
Friday, January 29, 2016
Apple က iPad Air 3 ကို မတ်လလယ်တွင် စတင်ကြေညာမည်
Apple ဟာဆိုရင်တော့ iPad Air 3 ကို လာမယ့် မတ်လအလယ်လောက်မှာ စတင်ပြီး ကြေညာသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ လာမယ့်နှစ်လအတွင်းမှာ ကြေညာနိုင်တဲ့ ဒီ iPad အသစ်မှာဆိုရင်တော့
ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၄ သန်းအထိ ရှိနိုင်
ကူးစက် ပျံ့ပွားနှုန်း အလွန် မြန်ဆန်နေတဲ့ ဇီကာ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး WHO က ဇီကာ အရေးပေါ် အဖွဲ့ကို ဖွဲ့စည်း လိုက်ပါတယ်။
ကျောင်းသား၊ ကလေးတွေကို ဖုန်းဝယ်ပေးမှ လူရာဝင်မှာတဲ့လား
ယနေ့ခေတ်မှာတော့ ကျောင်းသားမိဘတိုင်းလိုလိုပင် ကလေးတွေကို ချစ်ပြတဲ့နေရာမှာ လိုအပ်တာထက်ပိုမိုပြီး အလိုလိုက်နေကြသလို ဖြစ်နေကြတယ်လို့ ကျွန်တော်မြင်ပါတယ်။ အများစုက ကိုယ့်ကလေးကို ဖုန်းဝယ်ပေး လိုက်တာနဲ့တင် လူရာဝင်သွားမယ်၊
ပထမအကြိမ် လွှတ်တော် နောက်ဆုံးရက် မြင်ကွင်း
ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပထမအကြိမ် လွှတ်တော် ရဲ့ နောက်ဆုံး ဆွေးနွေး ပွဲတွေကို ကျင်းပ ခဲ့ပြီး ဥပဒေ ရေးရာတွေ ပြောဆို ဆွေးနွေးခြင်း မလုပ်ဘဲ လွှတ်တော် ကိုယ်စားလှယ်တွေဟာ နှုတ်ဆက်စကား ပြောကြားခဲ့ကြပါတယ်။
Thursday, January 28, 2016
သိန်းရာကျော်တန် စိန်လော့ကက်သီးကို ကောက်ရ၍ပိုင်ရှင်ထံပြန်အပ်ခဲ့တဲ့ ကလေးငယ်
ရန်ကုန်မြို့ သာကေတမြို့နယ် မဟာရန်ကုန်ကျောင်း အလှူတွင် အလှူရှင် တစ်ဦးဖြစ်သူ ဒေါ်တင်တင်ဝင်းဟာ
သိန်းရာကျော်တန် စိန်လော့ကက်သီး
ပျောက်ဆုံးသွားခဲ့ပါတယ်။
ပျောက်ဆုံးသွားခဲ့ပါတယ်။
ဆောင်းတွင်းမှာ ရေချိုးရမှာကြောက်ရွံ့သူတွေဟာ လေးလံ ထိုင်းမှိုင်းနေတတ်
ဆောင်းတွင်းမှာ အအေးဒဏ်ကိုကြောက်နေတာကြောင့် ရေမချိုးတတ်တဲ့သူတွေဟာဆိုရင်တော့ ပုံမှန်ရေချိုးတဲ့သူတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ ပိုကျန်းမာတာကိုတွေ့ရပါတယ်။ ရေချိုးတာဟာဆိုရင် မိမိရဲ့ ခန္ဒာကိုယ်တွင်းက အခိုးအပုတ်တွေကို ဖယ်ရှားလိုက်ပြီး စိတ်ကို ကြည်လင်စေတာကြောင့် သင့်ကိုယ်သင်ယုံကြည်မှုကတော့ အမြင့်ဆုံးနေရာမှာ ရှိနေမှာပါ။
ကုန်သေတ္တာတင်ယာဉ်တိုက်မိ၍ ကမ်းနားလမ်းသစ် မြေထိန်းအုတ်နံရံ ၊အကာအရံများပျက်စီး
ရန်ကုန် ဇန်နဝါရီ ၂၇
ရန်ကုန်မြို့ရွှေတောင်တန်းလမ်း ကမ်းနားဘက်ခြမ်းထိပ်အနီး ကမ်း နားလမ်းမသစ်ပေါ်တွင် ဇန်နဝါရီ ၂၆ ရက် ညနေ ၅ နာရီခန့်က ကုန် သေတ္တာတင်ယာဉ်ကြီး တစ်စီးတိုက်မှု ကြောင့် အကာအရံ သံတန်းများ၊ ဓာတ်မီးတိုင်၊ မြေထိန်းအုတ်နံရံများ ပျက်စီးခဲ့သည်။
Monday, January 11, 2016
ကလေးသူခိုးဟုဆိုကာ ရွှေပွဲစား အမျိုးသမီးတစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူး အပါဝင် လူ သုံးဆယ်ခန့်က ၀ိုင်းရိုက်သဖြင့် နံရိုးကျိုး
ကလေးသူခိုးဟုဆိုကာ လက်ဝတ်ရတနာ ရောင်းချသည့် အမျိုးသမီးတစ်ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူး အပါအ၀င် လူ သုံးဆယ်ခန့်က ၀ိုင်းဝန်းရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း ရိုက်နှက်ခံရသူ ကာယကံရှင် အမျိုးသမီးက မကွေးမြို့ခံ သတင်းမီဒီယာ သမားများထံ ဇန်န၀ါရီလ ၉ ရက်နေ့က ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်၍
ပြောဆိုသည်။
ဖြစ်စဉ်မှာ လက်ဝတ်ရတနာ ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်လံရောင်းချသည့် ( အရပ်အခေါ် ရွှေပွဲစား ) မယုယုချိုမှာ ဇန်န၀ါရီလ ၅ ရက်နေ့က မကွေး ၊ မိချောင်းရဲ တိုက်နယ်ရှိ ၊ စိုင်ကျကျေးရွာသို့ လက်ဝတ်ရတနာများ သွားရောက်ရောင်းချပြီး မကွေးသို့ ပြန်ရန် ဆိုင်ကယ်ကယ်ရီ ငှားရမ်းနိုင်သည့် ဂိတ်သို့
ထွက်လာစဉ် အမည်မသိ အမျိုးသားတစ်ဦးမှ အတင်းအဓမ္မ ဆွဲလား ရမ်းလား ပြုလုပ်သဖြင့် အကူညီတောင်းရန် အနီးရှိနေအိမ်သို့ ၀င်ပြေးခဲ့ပြီး ထိုအိမ်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကံရွှေ၏ အိမ်ဖြစ်နေခဲ့သည်။
သူမအား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ကလေးသူခိုးထင်၍ ၀ိုင်းဝန်းရိုက်နှက်ခဲ့ခြင်းဖြစ်ပြီး မိချောင်းရဲ ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး နောက်တွင် ရဲစခန်းကလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ ကလေးသူခိုးဟု သက်သေပြနိုင်ခြင်း မရှိ၍ ပြန်လွတ်ပေးခဲ့သည်ဟု ကာယကံရှင်ဖြစ်သူ မယုယုချိုက ပြောသည်။
"ကျွန်မညီမက နံရိုးတွေ ကျိုးထားကြောင်း ပြောတာတောင် ရဲတွေက မယုံကြောင်းပြောပြီး ငေါက်ငမ်းပြီး ဆက်ဆံခဲ့ကြပါတယ်။ ရဲစခန်းကို ရောက်တော့လည်း လက်ဝတ် ရတနာတွေကို ပန်းထိမ်ဆရာ ဆိုသူတွေနဲ့ ခေါ်ပြပြီး ပစ္စည်းသိမ်းဖို့တွေပဲပြောခဲ့ပါတယ်။ ကျွန်မ ညီမက အမှန်တွေ ပြောပြပေမယ့် နံရိုးနှစ်ချောင်း ကျိုးနေတာကို ပရုတ်ဆီလေးတောင် လိမ်းမပေးခဲ့ပါဘူး။ ကျွန်မနဲ့ အဆက်အသွယ်ရလို့ နီးစပ်ရာ ရဲတစ်ဦးက ကြားဝင်ကူညီတော့မှ ကျွန်မညီမကို လွှတ်ပေးခဲ့တာပါ " ဟု မယုယုချို၏ အစ်မဖြစ်သူမှ ဇန်န၀ါရီလ ၉ ရက်နေ့ မနက်ပိုင်းက မကွေးမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။
မတရားဖမ်းဆီး၍ ရိုက်နှက်ခဲ့မှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဋ္ဌာနချုပ် နစ်နာမှုများ တိုင်ကြားရေးဋ္ဌာနသို့ ဇန်န၀ါရီ ၉ ရက်နေ့ နံနက်က တိုင်ကြားထားပြီး မတရားဖမ်းဆီး ရိုက်နှက်ခဲ့သူများအား သက်ဆိုင်ရာသို့ တိုင်ကြားခြင်းနှင့် တရားစွဲမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ကာယကံရှင်ဖြစ်သူက သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
သတင်း - ဦး(မကွေး)
The Ladies News Journal
https://www.facebook.com/News.TheLadies/

Subscribe to:
Posts (Atom)