နေ့စဉ်နောက်ဆုံးရရှိသော ပြည်တွင်းသတင်း၊နိုင်ငံတကာသတင်း၊အားကစားသတင်း ၊နည်းပညာသတင်းများနှင့် ဗဟုသုတစာစုများ အားအချိန်နှင့်တပြေးညီ သိရှိစေရန်
Sunday, January 10, 2016
မင်္ဂလာဈေးမီးလောင်မှုတရားခံများဖမ်းမိ
ရန်ကုန် ဇန်နဝါရီ ၁ဝ
ယမန်နေ့ နံနက် ၁ နာရီ မိနစ် ၂ဝ ခန့်က မင်္ဂလာတောင်ညွန့်မြို့ နယ် သပြေကုန်းရပ်ကွက် မင်္ဂလာ ဈေးမီးလောင်မှုဖြစ်စဉ်တွင် ထွက် ပြေးတိမ်းရှောင်နေသည့် သံပန်း လုပ်သားသုံးဦးအနက် နှစ်ဦးကို ထပ်မံဖမ်းဆီးရမိပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှစခန်းမှူး ဒုရဲမှူးသန်းဦးက ပြောသည်။
''နောက်ထပ် နှစ်ယောက် ထပ်မိပါပြီ။ ကိုချမ်းရယ်၊ ကိုညွန့် ဝင်းရယ် ထပ်မိပါတယ်။ တစ် ယောက်ကတော့ မိခါနီးပါပြီ။ လွတ်နေသေးတာက အောင်အောင် ပါ''ဟု ၄င်းကပြောသည်။
မီးလောင်မှုဖြစ်ပွားရခြင်းမှာ မင်္ဂလာဈေးလေးလွှာ၊ ဆိုင်အမှတ် ၄၅၁ ဆိုင်ရှင်ဖြစ်သူ ဦးလှဝင်းလိပ်ဆွဲတံခါးတပ်ဆင်ရန် သံပန်းအလုပ်သမား ခေါင်းဆောင် ဦးအောင်ဘွားထံ အလုပ်အပ်နှံခဲ့ကြောင်း၊ ယခုလ ၈ ရက်ည မင်္ဂလာ ဈေးသာယာရေးမှ မင်္ဂလာဈေးဝင်းအတွင်းကျင်းပနေသည့် သီတဂူ ဆရာတော်အရှင်ဥာဏိဿရ၏တရားပွဲပြီးမှသာ လုပ်ငန်းစတင်လုပ် ကိုင်ရန် ခွင့်ပြုထားခဲ့သော်လည်း မင်္ဂလာဈေးလျှပ်စစ်တာဝန်ခံ ကျော်ဆန်း ဦး(ခ)ဖိုးကျော်လေးက တရားပွဲမပြီးမီ ည ၁ဝနာရီတွင် လုပ်ငန်းလုပ်ကိုင်ရန် လျှပ်စစ်မီးဖွင့်ပေးခဲ့၍ ဦးအောင်ဘွားပါ သံပန်း လုပ်သား စုစုပေါင်းငါးဦး ဝင်ရောက်ကာ လိပ်ဆွဲတံခါးတပ်ဆင်ရာမှ လျှပ်စစ်ဝိုင်ယာရှော့ခ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မီးလောင်မှုကြောင့် ဆိုင်ခန်းပေါင်း ၁၆၃၆ ခန်းမီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ကျပ်သိန်းပေါင်း ၃၆ဝ၆ဝ၂ သိန်းဆုံးရှုံးခဲ့ ကြောင်း မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းမှ သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လျှပ်စစ်မီးအားပေါ့ဆစွာအသုံးပြု ခဲ့သည့် မင်္ဂလာဈေး လျှပ်စစ်တာဝန်ခံ ကျော်ဆန်းဦး၊ သံပန်းအလုပ် သမားခေါင်းဆောင် ဦးအောင်ဘွား၊ သံပန်းလုပ်သား မင်းသိန်း(ခ) မှတ်ကြီး၊ ညွန့်ဝင်း၊ ကိုချမ်း၊ အောင်အောင်တို့ကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးသန်းဦးက တရားလိုပြုလုပ်တိုင်ကြား ခဲ့ပြီး (ပ)၃၆/၂ဝ၁၆ ပြစ်မှုပုဒ်မ ၂၈၅/၃၃၈ဖြင့် အမှုဖွင့်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
နေထက်ဝေ
The Union Daily
http://uniondaily.net
Sunday, November 8, 2015
ဒေါ်စုမဲဆန္ဒနယ် ကော့မှူးအခြေအနေနှင့် ဒေါ်စုကိုမဲပေးကြပါဆိုတဲ့ဦးခင်ရွှေရဲ့အင်တာဗျူး
ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်အရွေးခံမယ့် ရန်ကုန်တိုင်း၊ ကော့မှူးမြိုနယ်အတွင်းက မြင်ကွင်းနဲ့ ကော့်မှူးမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်ရွှေကို တွေ့ဆုံမေးမြန်းပြီး ကော့မှူးမြို့နယ်မှာ ကိုယ်တိုင်သွားရောက်သတင်းယူနေတဲ့ ကိုသားညွန့်ဦးက တင်ပြပေးပးထားပါတယ်။
ကော့မှူးမြို့နယ်ရဲ့ မဲရုံအခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင်တော့ အားလုံး အဆင်ပြေပြေ ချောချောမွေ့မွေ့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်လာတဲ့အချိန် သတင်းမီဒီယာသမားတွေရော၊ တခြား မဲဆန္ဒရှင်ပြည်သူတွေရော စိတ်လှုပ်ရှားကြီးစွာနဲ့ ကြိုဆိုနေကြဆတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသားလွှတ်တော်ရဲ့ကိုယ်စားလှယ်လောင်းဖြစ်တဲ့ ဦးခင်ရွှေကလည်း ကော့မှူးမြို့နယ်အတွင်းက မဲရုံတွေ အခြေအနေကို လှည့်လည်ကြည့်ရှုနေတာ တွေ့ရပါတယ်။
ကိုသားညွန့်ဦး။ ။ အခု အန်ကယ်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ဘယ်လိုများ မျှော်လင့်ထားပါလဲခင်ဗျ။
| ကော့မှူး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေ (ဓာတ်ပုံ-ဗွီအိုအေ/ နိုဝင်ဘာ ၈၊ ၂၀၁၅) |
ဦးခင်ရွှေ။ ။ အန်ကယ်ကတော့ နိုင်မှာပဲ။ percentage ဘယ်လောက်များမလဲဆိုတာကိုပဲ လိုက်ကြည့်တာ။ အဲဒီတော့ အန်ကယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မတူဘူးလေ။ သူက ပြည်သူ့လွှတ်တော်၊ အန်ကယ်လ်က အမျိုးသားလွှတ်တော်။ အဲဒီတော့ တစ်ယောက်တစ်နေရာစီ။
SexyCyborg လို့ခေါ်တဲ့ ကမ္ဘာ့Sexy အဖြစ်ဆုံး ဟက်ကာ အမျိုးသမီး
လူတွေက ကွန်ပျူတာ ဟက်ကာလို့ ပြောရင် အဖွဲ့လိုက်လှုပ်ရှားကြတယ်လို့သာ သိထားပြီး Sexy ဖြစ်တဲ့ အမျိုးသမီး တွေလည်း ဟက်ကာ ဖြစ်နေလိမ့်မယ်လို့ မထင်ကြပါဘူး။ ဒါပေမယ့် SexyCyborg ဆိုတဲ့ နာမည်နဲ့ လှုပ်ရှားနေတဲ့ ဒီ ဟက်ကာကောင်မလေး အကြောင်း သိသွားရင်တော့ ဘယ်လောက် အန္တရာယ် များတယ်ဆိုတာ နားလည်သွားမှာပါ။
တစ်ချိန်တည်းမှာ လူတိုင်းကို ထောက်လှမ်းနိုင်မယ့် "စောင့်ကြည့်နည်းပညာသစ်"
ဒါဟာ သံသယလွန်လွန်ကဲ ဟောလီးဝုဒ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ခုလိုပါပဲ။ တစ်ပြိုင်နက်တည်း လူပေါင်းများစွာကို နာရီပေါင်းများစွာကြာအောင် ထောက်လှမ်းနေနိုင်တဲ့ စောင့်ကြည့်နည်းပညာသစ် တစ်ရပ် ထွက်ပေါ်လို့လာပါပြီ။
မဲပေးခွင့်မရရှိသောကြောင့်မိမိလက်သန်းအားဖြတ်ကာဆန္ဒပြခဲ့သူ
မြောက်ဥက္ကလာမြို့နယ် င ရပ်ကွက် နွယ်နီ ၁၂လမ်းတွင်နေထိုင်သည့် အသက် ၃၆နှစ်အရွယ် ကရင်တိုင်းရင်းသားတစ်ဦးသည်
Friday, November 6, 2015
ကိုရီးယားရုပ်ရှင်ကြည့်ခြင်းက သေဆုံးနိုင်မှုအန္တရာယ် မြင့်တက်စေ
သာမန် ၂နာရီ ဇာတ်လမ်းတွဲကြည့်ရင်တောင် တီဗွီကြည့်ချိန်က များတတ်ပါတယ်။ ကိုရီးယားကားလိုမျိုး ဇာတ်မျောကြီးတွေ ကြည့်ရင်တော့ မိုးလင်းပေါက် ကြည့်ဖြစ်ပါလိမ့်မယ်။ တစ်ခါတလေဆို နှစ်ရက် သုံးရက် ဆက်ကြည့်တာမျိုးတွေကိုတောင် ကိုရီးယားကား ပရိသတ်တွေ ကြုံဖူးကြမှာပါ။
Wednesday, November 4, 2015
Facebook ပေါ်မတင်သင့်တဲ့ အချက် (၅) ချက်
Facebook ဟာ လူမှုကွန်ယက်တွေရဲ့ အင်ဂျင်စက်ကြီး ( the Google) တစ်ခုဖြစ် လာနေပါပြီ။ သင့်ရဲ့ status ကို အခုပဲ Update မလုပ်ဘူးဆိုရင် ဓါတ်ပုံတွေကို တင်တာ၊ (သို့)
သူရဦးရွှေမန်း ထုတ်ပယ်ခံရခြင်း မရှိကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီပြော
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း အောက်တိုဘာလ ၃၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ကညွတ်ကွင်းမြို့၊မှာ မဲဆွယ်စည်းရုံးနေစဉ်။ Photo: Myo Thant Khaing/RFA
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းကို ပါတီဝင်အဖြစ်ကနေ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ထုတ်ပယ်လိုက်တယ် ဆိုတဲ့ သတင်းတွေ ဟာ ကောလာဟလသာဖြစ်တယ်လို့ နေပြည်တော် ပါတီဌာနချုပ် တာဝန်ရှိသူတစ်ဦးက ဒီကနေ့ ပြောလိုက်ပါတယ်။
Subscribe to:
Posts (Atom)








