Pages

Sunday, October 25, 2015

ကားအစိတ်အပိုင်းများ ထုတ်လုပ်နိုင်ခြင်းမှာ ကားဈေးကွက်ကို များစွာ အထောက်အကူ ဖြစ်စေနိုင်


ပြည်တွင်း၌  ကားစီးလုံး ထုတ်လုပ်ခြင်းထက် ကားအစိတ်အပိုင်း ပစ္စည်းများ ထုတ် လုပ်နိုင်ခြင်းမှာလည်း ကားဈေးကွက်ကို

များစွာအထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးနှင့် ညွှန်ကြား မှု ဦးစီးဌာနမှ   ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက ပြောသည်။
ကားထုတ်လုပ်မှု ဈေးကွက်အခြေအနေ ကောင်းစေရန်မှာ ဖန်တီးပေးနိုင်စွမ်းရှိသော ပတ်ဝန်းကျင်ကောင်းများရှိရန် လိုအပ်ကြောင်း၊  ယခုကဲ့သို့ ဖန်တီးရာတွင်လည်း ကားစီးလုံး ထုတ်လုပ်နိုင်ခြင်းထက်  ကားတွင် တပ်ဆင်အသုံးပြုရမည့် စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ခြင်းမှာလည်း ဖန်တီးမှုကောင်းတစ်ခု ဖြစ်စေနိုင်ကြောင်း သိရသည်။
ထိုကဲ့သို့  အစိတ်အပိုင်းပစ္စည်းများ တိုးမြှင့်ထုတ်လုပ်နိုင်ခြင်းဖြင့်လည်း နောင်အခါ ဖွံ့ဖြိုးမှု ပိုမိုလာမည့်   မြန်မာ့ကားလောက အတွက်  အစိတ်အပိုင်းများကို  ပြည်ပမှ မှာယူရန်မလိုဘဲ   ပြည်တွင်း၌ပင် အလွယ်တကူရရှိနိုင်ပြီး ဈေးနှုန်းသက်သာစွာ ရရှိစေနိုင်မည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ပြည်ပမှ ကားအစိတ်အပိုင်း အပိုပစ္စည်း ထုတ်လုပ်မှုတွင် ပူးပေါင်းလာ၍ ကား လောက ပိုမိုဖွံ့ဖြိုးတိုးတက်လာရေး ကိုလည်း ဦးတည်လုပ်ဆောင်သွားရန်လိုအပ်ကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံသည် စက်မှု နိုင်ငံသို့ ဦးတည်နေပြီဖြစ်ရာ မြန်မာ့ကား လောကဖွံ့ဖြိုးရေးသည်လည်း စက်မှုနိုင်ငံဖြစ်ရေးအတွက် အထောက် အကူဖြစ်စေနိုင်သော ကြောင့်  မြန်မာ့ကားလုပ်ငန်း ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်လာမှုနှင့်အတူ   စည်းစနစ်ကျရေး အတွက်    ပြုပြင် သင့်သော လုပ်ငန်းများကို ဥပဒေများဖြင့်  ပြင်ဆင်ရေးဆွဲ လုပ်ဆောင် နေပြီ ဖြစ်ကြောင်း သိရသည်။ 
credit : myawady.com.mm

No comments:

Post a Comment