Pages

Monday, October 19, 2015

"အနုပညာကို တန်ဖိုး ထားကြပါ ဆိုတဲ့ ဒေါ်စံရှားတင်"


မန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး မှာ ကျင်းပတဲ့ ရုပ်ရှင်သက်ကြီး ပူ ဇော် ကန်တော့ပွဲ မှာ တစ်ခေတ်တစ်ခါ က ရုပ်ရှင် မင်းသမီးကြီး တစ်ဦး ဖြစ်တဲ့ ဒေါ်စံရှားတင် အနေနဲ့ အပူဇော် ခံသက်ကြီး အနုပညာရှင်တစ်ယောက် အဖြစ် တက်ရောက် ခဲ့ပါတယ်။
ဒေါ် စံရှားတင်ရဲ့ ဒီပွဲ အပေါ် ပီတိစကား က “အဘွား အရွယ်တွေဖြစ်နေပြီ ဆိုတော့ ခံစားချက်က ထူးထူးထွေ ထွေတော့ မရှိပါဘူး။ ညီအစ်မတွေ ဆုံကြ လို့ ပျော်ရပါတယ်” လို့ပြောပါ တယ်။
အသက်အရွယ် ရလာတဲ့ အတွက် အနုပညာ အလုပ်တွေ မလုပ် တော့ပေ မယ့် ဒေါ်စံရှားတင် ကို ရုပ် ရှင်လောကရဲ့ ဝါရင့် အနုပညာရှင် တစ်ယောက် အနေနဲ့ ယနေ့ခေတ် မျိုးဆက်သစ် အနုပညာရှင်တွေအ တွက် အမှာ စကားပြောပေးပါ လို့ပြော တဲ့အခါ “အနုပညာကို တန်ဖိုး ထားကြ ပါ။ တကယ်လည်း လေးလေးစားစား နဲ့ လိုက်စားကြပါ။ ရုပ်ရှင်ကောင်စီ အားလုံးကို မမေ့ကြပါနဲ့။ ဘုရား၊ တ ရား၊ သံဃာ ကို မမေ့ကြပါနဲ့။ အားလုံး ကိုချစ်ပါတယ်”လို့ဒေါ်စံရှားတင်က ဆိုပါတယ်။
ရုပ်ရှင်နှစ် (၁ဝဝ) ပြည့်ဖို့ ငါး နှစ်ပဲ လိုတော့တဲ့ အချိန်ကာလတစ်ခု မှာ ဒေါ်စံရှားတင် က အနုပညာသမား အားလုံး အသက်ရာကျော် ရှည်ပြီး ရုပ်ရှင်သက်တမ်းနှစ် (၁ဝဝ) ပြည့်ကို မီကြပါစေလို့ ဆုတောင်းကြောင်း လည်း ဒေါ်စံရှားတင် က ဆက် လက် ပြော ကြားပါ တယ်။ ဒေါ်စံရှားတင်ရဲ့ သရုပ်ဆောင် ဘဝအစကတော့ ဒါရိုက်တာ တင်ညွန့် ရိုက်ကူးတဲ့ “ချစ်မုန်တိုင်း” ဇာတ်ကား မှာပါဝင် သရုပ်ဆောင်ခဲ့ ခြင်းပါ။ သူမ အောင်မြင်ခဲ့တဲ့ ဇာတ် ကားတွေ အနေနဲ့ကတော့ “အတွေ့”၊ “ဆောင်း”၊ “ကညာပျိုနဲ့ဇရာအို”၊ “စိမ်း နဲ့တေဇာ”၊ “စံအိမ်ကိုစိန် နဲ့မွမ်းမယ်” စတဲ့ဇာတ်ကား များဖြစ်ပြီး “ဆောင်း” ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင် ဆု၊ “စိမ်းနဲ့တေဇာ” ဇာတ်ကား နဲ့အမျိုး သမီးဇာတ်ပို့ဆု တို့ကိုလည်း ရရှိထား ခဲ့ပါတယ်။ “သမီးသမက် ခမည်းခမက်” ဇာတ်ကား ရိုက်ကူးပြီး ရုပ်ရှင်လောက နဲ့ ကင်းကွာ သွားခဲ့ပေမယ့် ဒီနေ့အထိ ရုပ်ရှင်ကို ချစ်မြတ်နိုးနေဆဲဖြစ်တဲ့ ဒေါ်စံရှားတင် က သရုပ်ဆောင် ဘဝ တုန်းက သူမကို အားပေး ခဲ့တဲ့ ပရိသတ် တွေအတွက် အမှတ်တရစကားကို လည်း “အမေ့ကိုချစ်တဲ့ ပရိသတ်အား လုံးကို တန်ဖိုးထားတယ် ။လေးစား တယ်။ အားလုံး ကျန်းမာချမ်းသာကြပါ စေ”လို့ ပြောခဲ့ပါတယ်။
မျိုးမောင်
credit :  Popular Journal

No comments:

Post a Comment